1 ပတ် - ဘာသာပြန်ပါ။

စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၇ သိန်းကျော် ရောင်းချ

နိုဝင်ဘာ ၂၄ ရက်တွင် ဗဟိုဘဏ်မှ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၇ သိန်းကျော် ရောင်းချပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၇၆၁,၄၆၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည်ဟုဆိုသည်။
FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ ၊ သံမဏိ ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက်တွင် FX Market Online Trading တွင် တစ်ဒေါ်လာ ၃၆၄၄ ကျပ်၊တစ်ရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ၅၅၆ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၁၂၄.၂၅ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

image