အဋ္ဌမနေ့၌ ကျောက်စိမ်းအတွဲပေါင်း ၆၉၅ တွဲ ရောင်းချနိုင်ခဲ့
-----------------------

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ နိုဝင်ဘာ ၂၄ ရက် အဋ္ဌမနေ့က ကျောက်စိမ်းအတွဲပေါင်း ၆၉၅ တွဲ ရောင်းချခဲ့ရတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ပြပွဲအဋ္ဌမနေ့မှာ အုပ်စု(စီ)က ကျောက်စိမ်အတွဲပေါင်း (၇၅၀)ထဲက (၆၉၅)တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်တွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။
ပြပွဲမှာ အုပ်စု (အေ)၊ (ဘီ)နဲ့(စီ)တို့က ကျောက်စိမ်းအတွဲပေါင်း (၅၀၈၅)တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်တွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးနေတာပါ။
ပြပွဲကာလအတွင်း ကျောက်စိမ်းရောင်းချမှုတွေအနေနဲ့ ပဥ္ဇမနေ့မှာ ကျောက်စိမ်းအတွဲပေါင်း(၇၅၄)တွဲ၊ ပြပွဲဆဋ္ဌမ နေ့မှာ ကျောက်စိမ်းအတွဲပေါင်း(၇၁၆)တွဲ၊ ပြပွဲသတ္တမနေ့မှာ ကျောက်စိမ်းအတွဲပေါင်း (၆၄၀)တွဲနဲ့ အဋ္ဌမနေ့မှာ ကျောက်စိမ်းအတွဲပေါင်း (၆၉၅)တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်ရှိနေတဲ့ အုပ်စု(စီ)က ကျောက်စိမ်းအတွဲတွေကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ နိုဝင်ဘာ(၂၆)ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်တွေကို ဆက်လက် ရောင်းချပေးသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

image