ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၂၀ ဦးသေဆုံး
-------------------

ဂါဇာမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုဝင်ဘာလ ၂၃ ရက်က အနည်းဆုံး အယောက် ၂၀ သေဆုံး ပြီး ၈၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့တာကို Reuters သတင်း မှာ ဖော်ပြထားပါတယ်။
ဒါဟာ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား ခိုင်မာမှုမရှိတဲ့ အပစ်အခတ်ရပ်စဲရေးကို ပြသနေတာလည်း ဖြစ်ပါတယ်။ အစ္စရေးလေတပ်ဟာ ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ ဒီယာအယ်လ်ဘာလာမြို့နဲ့ နူဆီရတ်စခန်းရှိ အိမ်နှစ်လုံးကို သီးခြားလေကြောင်းတိုက်ခိုက်မှုနှစ်ခု ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၀ ယောက် သေဆုံးကာ လူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပြောပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးသမားတွေပြောကြားချက်အရ ဒီယာအယ်လ်ဘာလာမြို့အနီး အစ္စရေးလေကြောင်းတိုက်ခိုက်မှု ကြောင့် နောက်ထပ် သေဆုံးသူ ၅ ဦးထပ်မံတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အစ္စရေးတိုက်ခိုက်မှုကြောင့် လူဦးရေထူထပ်တဲ့ ရီမာရပ်ကွက်မှာ ကားတစ်စီးကို ထိမှန်ကာ မီးလောင်သွားပြီး ကားထဲမှာရှိနေတဲ့ လူ ၅ ယောက် သေဆုံးမှု ရှိမရှိကို အတည်မပြုရ သေးဘူးလို့ ဆိုပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူအများအပြားက မီးငြှိမ်းသတ်ဖို့နဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်တင်ဖို့ အပြေးအလွှား လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

image