ယူကရိန်းစစ်အဆုံးသတ်ရေး ပြောင်းလဲမှုအချို့လုပ်ရန် အမေရိကန် သဘောတူ
-----------------------

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အငြင်းပွားဖွယ် ငြိမ်းချမ်းရေး အဆိုပြုချက်မှာ အပြောင်းအလဲတချို့ ပြုလုပ်ဖို့ အမေရိကန်နိုင်ငံက သဘောတူလိုက်တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဂျီနီဗာမြို့မှာ ယူကရိန်း သံတမန်တွေနဲ့ ဆွေးနွေးတာတွေဟာ အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ရှိခဲ့ကြောင်းနဲ့ ယူကရိန်းရဲ့အဆိုပြုချက်ကို အခြေခံပြီး ငြိမ်းချမ်းရေးစီမံချက်မှာ ပြင်ဆင်တာတွေ ပြုလုပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီ ယိုက ပြောပါတယ်။
အဆိုပြုထားတဲ့ အချက် ၂၈ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်မှာ စကားရပ်များစွာ ပြင်ဆင်ထားပြီး မူလအဆိုပြုချက် ကို အခြေခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ကလည်း တနင်္ဂနွေနေ့ အစောပိုင်းက အမေရိကန် နဲ့ယူကရိန်းရဲ့ ခေါင်းဆောင်မှုအောက်မှာ စစ်ပွဲ ဘယ်တော့မှ မဖြစ်တော့ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ စစ်ပွဲအဆုံး သတ်ရေး အမေရိကန်နိုင်ငံရဲ့ ကြိုးပမ်းမှု တွေအတွက် ယူကရိန်းဟာ ကျေးဇူးကန်းတယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး ရုရှားကနေ ရေနံဝယ်ယူတဲ့ ဥရောပ တိုင်းပြည်တွေကိုလည်း ဝေဖန်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကတော့ ပံ့ပိုးကူညီမှုအတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို ကျေးဇူးတင် တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စေ့စပ်ညှိနှိုင်းမှုတွေရဲ့ အဓိက ရည်ရွယ်ချက်က ရုရှားကျူးကျော် စစ် အဆုံးသတ်ဖို့နဲ့ နောက်တစ်ကြိမ် စစ်မဖြစ်အောင် ဟန့်တားဖို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

image