မြောက်ဒဂုံမြို့နယ် ဟိုတယ်တခုရဲ့ ၆ လွှာကနေ အမျိုးသားတယောက် ခုန်ချ သေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်း ၊ မြောက်ဒဂုံမြို့နယ် ၊ ပင်လုံလမ်းပေါ်ရှိ ဘိုဘိုမင်း ဟိုတယ် ၆ လွှာမှာ အမျိုးသား တယောက် ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြေပြင် ကူညီရေးသွားရောက်ခဲ့ သူတွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစော ၂ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ ရုပ်အလောင်းကိုတော့ မြောက်ဥက္ကလာ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ် ။
" ခုန်ချတယ် အကြောင်းကြားလို့ အလောင်းသွားသယ်တယ် ။ လာတည်းခိုတဲ့ အမျိုးသား ခုန်ချတာပါ။ ဘာကြောင့် ခုန်ချတာလဲတော့ သေချာ မသိဘူး ။ " လို့ ဝန်းရံမှူး လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူ အမျိုးသားက ခန့်မှန်း အသက် ၃၀ ဝန်းကျင်လောက်ရှိပြီး နေရပ်လိပ်စာက ရန်ကုန်ကဖြစ်ကြောင်း သိရှိရပြီး မိသားစုနဲ့ အဆက်အသွယ်ရရှိရေး နဲ့ သေဆုံးမှု အခြေအနေကိုတော့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက ဆက်လက် စုံစမ်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ရဲစခန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး ။
အောက်တိုဘာ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း ၊ ပုဇွန်တောင်မြို့နယ် ၊ ရေကျော်လမ်းမပေါ်ရှိ တိုက်ခန်းရှစ်လွှာမှ အသက် ၄ နှစ်အရွယ် ကလေးငယ် ပြုတ်ကျခဲ့ပြီး အသက်ရှင်ရက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ၊ပန်းလှိုင်အိမ်ရာရှိ ခုနှစ်လွှာမှ အမျိုးသား တယောက်ပြုတ်ကျ ခဲ့ပြီး ထိခိုက်ဒဏ်ရာသာရရှိမှု ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။
ဧပြီ ၃၀ ရက်နေ့ကလည်း ရန်ကုန်၊စမ်းချောင်းမြို့နယ်၊မုန့်လက်ဆောင်းကုန်းရပ်ကွက် ၊ ပြည်သူ့ကွက်သစ် ၁ လမ်းထိပ်ရှိ တိုက်ခန်းပေါ် တက်ပြီး ပစ္စည်းခိုးယူတဲ့ အမျိုးသမီးတယောက် တိုက်ပေါ်ကနေခုန်ချရာမှ ပြုတ်ကျသေဆုံးမှု ရှိခဲ့ပါတယ်။

image