1 ပတ် - ဘာသာပြန်ပါ။

ဆာလာကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုဘဲ ချန်လှပ်သင့်တယ်လို့ ရွန်နီ သုံးသပ်

မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ရွန်နီက လီဗာပူးလ်နည်းပြ အာနယ်ဆလော့အနေနဲ့ အီဂျစ်တိုက်စစ်ကစားသမား ဆာလာကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုဘဲ ချန်လှပ်သင့်တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အခုတစ်ပတ် ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဆာလာအနေနဲ့ ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့တာကြောင့် ရွန်နီက အခုလိုပြောကြားခဲ့တာပါ။
''ကျွန်တော်သာ ဆလော့ဆိုရင် အသင်းအပေါ် သက်ရောက်မှုရှိစေမယ့် ကြီးမားတဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့မှာပါ။ ဆာလာက သူတို့ရဲ့ ခံစစ်ပိုင်းကို အကူအညီမပေးနိုင်ခဲ့ပါဘူး'' လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။
ဆာလာက ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်ခဲ့ပေမဲ့ ဒီရာသီမှာတော့ (၄)ဂိုးသွင်းပြီး ဖန်တီးမှု(၂)ကြိမ်သာ ပြုလုပ်နိုင်ပါသေးတယ်။
လီဗာပူးလ်အသင်းအတွက် နောက်ဆုံး(၃)ပွဲဆက်တိုက် ဂိုးလည်းမသွင်း၊ ဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့တာကြောင့် သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
ရွန်နီကတော့ ဆာလာကို ဒီရာသီမှာ ဦးဆောင်နိုင်စွမ်းနည်းပါးနေတယ်လို့လည်း ဝေဖန်ပြစ်တင်မှု ပြုလုပ်ခဲ့ဖူးပါတယ်။

image