ထရမ့်ပ်အစီအစဉ် ကန်၊ ယူကရိန်းနှင့် ဥရောပအရာရှိများ ဆွေးနွေးကြမည်

အမေရိကန်ပြည်ထောင်စုနှင့် ယူကရိန်းနိုင်ငံမှ ထိပ်တန်းအရာရှိများနှင့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနိုင်ငံတို့မှ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိများသည် ဝါရှင်တန်၏ ယူကရိန်းစစ်ပွဲရပ်စဲရေး အစီအစဉ်မူကြမ်းကို တနင်္ဂနွေနေ့၌ ဂျီနီဗာတွင် ဆွေးနွေးကြမည်ဖြစ်သည်။
အမေရိကန်အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုတို့သည် ယခုအခါတွင် လေးနှစ်တာကာလအတွင်းရောက်ရှိလာပြီဖြစ်သည့် ရုရှား၏ကျူးကျော်မှုအဆုံးသတ်ရေး ဆွေးနွေးပွဲများအတွက် တနင်္ဂနွေနေ့တွင် ရောက်ရှိလာကြမည်ဖြစ်သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးအနေဖြင့် အချက် ၂၈ ချက်ပါ အစီအစဉ်မူကြမ်းကို လက်ခံအတည်ပြုရန် ကြာသပတေးနေ့အထိ အချိန်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ အစီအစဉ်မူကြမ်းတွင် ယူကရိန်းအနေဖြင့် နယ်မြေစွန့်လွှတ်ရန်၊ ၎င်း၏ စစ်တပ်ကို ကန့်သတ်လျှော့ချရေးကို လက်ခံရန်နှင့် နေတိုးအဖွဲ့သို့ ဝင်ရောက်ရေး ရည်မှန်းချက်ကို စွန့်လွှတ်ရန် အချက်များလည်း ထည့်သွင်းထားသည်။
“သူတို့ (ယူကရိန်း) အတွက် အခွင့်သာစေမယ့် သဘောတူညီချက်တစ်ရပ်ရေးဆွဲနိုင်ဖို့ရာ နောက်ဆုံးအသေးစိတ်အချက်အလက်တွေကို ညှိနှိုင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“သမ္မတနှစ်ဦး မတွေ့ရသေးချိန်အထိတော့ ဘာသဘောတူညီချက်မှ ရှိမှာမဟုတ်ပါဘူး” ဟု ထရမ့်ပ်နှင့် ဇလန်းစကီးကို ရည်ညွှန်း၍ ၎င်းက ပြောကြားသွားခဲ့သည်။

image