အခြေခံကျောင်းများတွင် ဘောလုံးပြိုင်ပွဲများ ထွန်းကားရေး၊ ဘောလုံးကွင်းများ ဖော်ထုတ်ပြုပြင်မွမ်းမံရေး ဆွေးနွေး

ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ Foot ball for Schools နှင့် ကျောင်းဘောလုံးပြိုင်ပွဲများ ပူးပေါင်းကျင်းပရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ (၂၃) ရက်က ရန်ကုန်မြို့ရှိ Novotel Hotel တွင် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
ဆွေးနွေးပွဲ၌ အခြေခံပညာကျောင်းများကို အခြေခံ၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အလိုက် လူငယ်ပြိုင်ပွဲများကျင်းပရန်နှင့် နည်းဗျူဟာရေးဆွဲဆောင်ရွက်ရန်၊ ဒိုင်များနှင့် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာရေး သင်တန်းများကျင်းပပေးရန်လည်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် YREO အမျိုးသမီးအသင်းကဲ့သို့ တက္ကသိုလ်အမျိုးသမီး ကလပ်အသင်းအနေဖြင့် မြန်မာအမျိုးသမီးလိဂ်သို့ ဖွဲ့စည်းဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ကာ ပညာရေးဝန်ကြီးဌာနမှ ကျောင်းများအနေဖြင့် MFF လူငယ်ဘောလုံးပွဲ တော်များ၊ သင်တန်းများကျင်းပရာတွင် ပါဝင်ဆင်နွဲနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

image