(၁၀) နှစ်ကြာ ရပ်နားထားသည့် ထားဝယ်-မြိတ် ကမ်းရိုး တန်းသွား အမြန်ရေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲ

ထီးခီးနယ်စပ်ဂိတ်နှင့် မောတောင်နယ်စပ်ဂိတ်များ ဖွင့်လှစ်ပြီးနောက်ပိုင်း ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှု နည်းပါးသွားခြင်းကြောင့် (၁၀) နှစ်ကြာ ရပ်နားထားသည့် ထားဝယ်-မြိတ်ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်သည်။
နိုဝင်ဘာ (၂၂) ရက်မှစ၍ ပြန်လည်ပြေးဆွဲခြင်းဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် နှစ်သိန်းခွဲခန့်ကျသင့်မည် ဖြစ်သည်။
ရှပ်ပြေးအမြန်ရေယာဉ်တွင် ခရီးသည် (၂၀၀) ခန့် လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ လက်မှတ်များကို ထားဝယ်မြို့ မြို့ တွင်းလမ်း၊ အမှတ် (၇၆) AK (Aung Khaing) စင်းလုံးငှားယာဉ်ငယ်အသင်းတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် မြိတ်မြို့ရှိ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ကွက် ဆိပ်ငယ်ဗောတံတားအနီးရှိ MOE (Myeik) ခရီသွားလုပ်ငန်းတွင် ဝယ်ယူနိုင်မည်ဖြစ်သည်ဟုလည်း မြိတ်မြို့နှင့် ထားဝယ်မြို့ရှိ ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

image