1 ပတ် - ဘာသာပြန်ပါ။

ဧရာဝတီတိုင်းသည် နိုင်ငံ၏ စပါးကျီတစ်ခုဖြစ်၍ သီးနှံများထွက်ရှိမှုသည် ထိုက်သင့်သည် အထွက်နှုန်းဖြစ်ရန် လို

ဧရာဝတီတိုင်းဒေသကြီးသည့် နိုင်ငံ၏ စပါးကျီတစ်ခုဖြစ်သည့်အတွက် သီးနှံများထွက်ရှိမှုသည် ထိုက်သင့်သည် အထွက်နှုန်းဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောသည်။

ယနေ့ မအူပင်မြို့ရှိ ခရိုင် မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများများ မြို့မိမြို့ဖများ နှင့် တွေ့ဆုံစဉ် ယာယီသမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေးအတွက် မည်သို့ဆောင်ရွက်ရမည်ကို စဉ်စားဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပေါ်ဆန်းမွှေးစပါးစိုက်ပျိုးမှုနှင့် ပတ်သက်၍ ပြည်ပသို့တင်ပို့နိုင်ရေး ပိုမိုတိုးတက်စိုက်ပျိုးရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ပေါ်ဆန်းမွှေး အထွက်နှုန်းကောင်းမွန်ရေးနှင့် ပတ်သက်၍လည်း စနစ်တကျစမ်းသပ်ထားရှိပြီးဖြစ်ပြီး ပေါ်ဆန်းမွေးစိုက်ပျိုး၍ရသည့် ဒေသများတွင် ပေါ်ဆန်းမွှေးစပါးများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယာယီသမ္မက ပြောကြားခဲ့သည်။

ထို့ပြင် အခြားသီးနှံများကိုလည်း အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တောင်သူတစ်ဦးချင်းကိုလည်း စိုက်ပျိုးရေးအသိပညာပေးခြင်းကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ယာယီသမ္မတကပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲကို ကော်မရှင်အတွင်းရေးမှုးအတွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများ MSME လုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image