4 ပတ် - ဘာသာပြန်ပါ။

မိန်နူးနဲ့ ဇက်ဇီးတို့ ဇန်နဝါရီမှာ အသင်းက ထွက်ခွာရဖွယ်ရှိကြောင်း အာမိုရင်မ် ပြောကြား

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်က အသင်းမှာ နေရာမရဖြစ်နေတဲ့ မိန်နူးနဲ့ ဇက်ဇီးတို့ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ အသင်းက ထွက်ခွာရဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒီကစားသမားနှစ်ဦးစလုံးဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ကြိမ်မှ ပွဲထွက်ကစားခွင့်မရသေးဘဲ ဇက်ဇီးက (၈၂)မိနစ်၊ မိန်နူးက (၁၃၈)မိနစ်သာ ကစားခွင့်ရထားကြောင်း သိရပါတယ်။

ဒါကြောင့် မိန်နူးနဲ့ ဇက်ဇီးတို့က ပွဲကစားခွင့်ပိုမိုရရှိမယ့်အသင်းဆီ ပြောင်းရွှေ့ဖို့ လိုလားနေကြပြီး အာမိုရင်မ်ကလည်း အသင်းကသာ ဦးစားပေးဖြစ်ကြောင်းနဲ့ အသင်းက အလိုရှိတဲ့ကစားသမားတွေကိုသာ ဆက်ထိန်းထားမှာဖြစ်ကြောင်း ပြောကြားခဲဲ့ပါတယ်။

''ကျွန်တော်လည်း ဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အရာရာတိုင်းကို ကျွန်တော် နားလည်ပြီး ကစားသမားတွေကို အခြေအနေတိုင်းမှာ ကျွန်တော် ကူညီပေးချင်ပါတယ်။ ကစားသမားတချို့က ကမ္ဘာ့ဖလားအတွက် မချင့်မရဲဖြစ်နေတာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ အသင်းက ပထမဦးစားပေးပါ။ ကလပ်အသင်းကိုရော ကစားသမားတွေကိုပါ ကူညီပေးနိုင်ရင်တော့ ကျွန်တော် ပျော်ရွှင်ရမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ အသင်းအတွက်ပဲ ကျွန်တော် စဉ်းစားမှာပါ'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ အင်္ဂလန်ကစားသမား မိန်နူးကို နာပိုလီ၊ နယ်သာလန်ကစားသမား ဇက်ဇီးကို ရိုးမားအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

image