4 ပတ် - ဘာသာပြန်ပါ။

လီဝန်ဒေါစကီးဟာ နောက်ဆုံးဆယ်စုနှစ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးလို့ ဟန်ဆီဖလစ်ခ် ချီးကျူး

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ နောက်ဆုံးဆယ်စုနှစ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်တယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

ဘီလ်ဘာအိုအသင်းကို (၄-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ လီဝန်ဒေါစကီးက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ဟန်ဆီဖလစ်ခ်က လီဝန်ဒေါစကီးကို ချီးကျူးခဲ့ခြင်းလည်းဖြစ်ပါတယ်။

''ကျွန်တော့်အမြင်မှာတော့ လီဝန်ဒေါစကီးဟာ နောက်ဆုံးဆယ်စုနှစ်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးပါပဲ'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့တာပါ။

ဟန်ဆီဖလစ်ခ်ဟာ လီဝန်ဒေါစကီးနဲ့ ဘိုင်ယန်မြူးနစ်မှာရော ဘာစီလိုနာအသင်းမှာပါ လက်တွဲခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ လီဝန်ဒေါစကီးအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်ရှိဖို့ မသေချာကြောင်း သတင်းထွက်နေတဲ့အတွက် အခုလိုပြောကြားခဲ့ခြင်းလည်း ဖြစ်နိုင်ပါတယ်။

လီဝန်ဒေါစကီးဟာ အသက်(၃၇)နှစ်ရှိပြီဖြစ်ပေမဲ့ သွင်းဂိုးတွေနဲ့အတူ ခြေစွမ်းပြနေဆဲဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံပွဲ(၁၆၀)မှာ (၁၀၉)ဂိုး သွင်းယူပေးထားပါတယ်။

လီဝန်ဒေါစကီးကတော့ နူးကမ့်ကွင်းသစ်မှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးကို အမြဲအမှတ်ရနေမယ်လို့ ပြောကြားခဲ့ပါတယ်။

image