4 ပတ် - ဘာသာပြန်ပါ။

အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြီးနောက် ပေါင် ၃၀၀၀၀ အကုန်အကျခံကာ လုံခြုံရေးခွေး ဝယ်ယူလာတဲ့ အလက်ဇန္ဒားအီဆက်ခ်
====================

လီဗာပူးစတားအလက်ဇန္ဒားအီဆက်ခ်ဟာ အသက်အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့လာရပြီးနောက် ပေါင် ၃၀၀၀၀ အကုန်အကျခံကာ လုံခြုံရေးခွေးတစ်ကောင် ဝယ်ယူလာပါတယ်။

ဆွီဒင်တိုက်စစ်မှူးဟာ မာဆေးဆိုက်တွင် နေထိုင်နေစဉ် ကွင်းပြင်ပမှ သူ့အား အန္တရာယ်ပြုလာနိုင်တဲ့သူများ လက်မှ ကာကွယ်ရန် အဆင့်မြင့်လေ့ကျင့်သင်ကြားပေးထားတဲ့ Doberman အား ဝယ်ယူလာတာပါ။

အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးဟာ နွေရာသီတုန်းက လေ့ကျင့်ခန်းမဆင်းဘဲ သပိတ်မှောက်ကာ နယူးကာဆယ်မှ လီဗာပူးသို့ ပေါင်သန်း ၁၃၀ ဖြင့် ပြောင်းရွှေ့ခွင့် ရရှိအောင် ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဆွီဒင်အသင်းမှာ အုပ်စုတွင်း အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်ခဲ့ရပြီးနောက် အန္တရာယ်ခြိမ်းခြောက်မှုများနှင့် ကြုံတွေ့လာရပါတယ်။

အလက်ဇန္ဒားအီဆက်ခ် ဝယ်ယူလိုက်တဲ့ ခွေးက လုံခြုံရေးခွေးများတွင် သစ္စာအရှိဆုံးခွေးမျိုးစိတ် ဖြစ်ပါတယ်။ ဒါ့အပြင် ယင်းခွေများက ချစ်စရာကောင်းသလို အလွန်အန္တရာယ်များတဲ့ ခွေးလည်း ဖြစ်ပါတယ်။

အီဆက်ခ်မတိုင်မီ အဲဗာတန်နောက်ခံလူဂျက်အိုဘရိုင်ယန်ဟာလည်း အဝေးကွင်းပွဲသွားကစားနေစဉ် မိသားစုအား အကာအကွယ်ပေးရန်အတွက် ဂျာမန်သိုးထိန်းခွေးတစ်ကောင်အား ဝယ်ယူခဲ့ပါတယ်။

image