10 ပတ် - ဘာသာပြန်ပါ။

နူးကမ့်ကွင်းသစ်ဖွင့်ပွဲအား မားကပ်စ်ရက်ဖို့ဒ် လွဲချော်လာဖွယ်ရှိနေ
===================

မားကပ်စ်ရက်ဖို့ဒ်ဟာ နူးကမ့်ကွင်းသစ်ကြီး ဖွင့်ပွဲအဖြစ် ကစားလာမယ့် ဘီလ်ဘာအိုနှင့် ပွဲစဉ်ကို လွဲချော်လာဖို့ ရှိနေကြောင်း သိရပါတယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား ဖြိုချကာ အသစ်ပြန်လည်တည်ဆောက်ပြီးနောက် ၉၀၉ ရက်အကြာ စနေနေ့တွင် ဘီလ်ဘာအိုနှင့် ဖွင့်ပွဲ ကစားလာပါမယ်။
ဘာစီလိုနာဟာ နူးကမ့်ကွင်းအား ပရိသတ်အပြည့်ဖြင့် ကစားခွင့်မရသေးပေမယ့်လည်း ပရိသတ် ၄၅၀၀၀ ဖြင့် ကစားခွင့်ရထားပါတယ်။
ဘာစီလိုနာဟာ ဘီလ်ဘာအိုနှင့်ပွဲမတိုင်မီ နှင့် ပထမပိုင်းအပြီးတို့တွင် ဖျော်ဖြေရေးအစီအစဉ်လည်း ထည့်သွင်းထားကြောင်း သိရပါတယ်။
ဒါပေမယ့် Mundo Deportivo ရဲ့ ဖော်ပြလာမှုအရ ရက်ဖို့ဒ်ဟာ နောက်ဆုံး ၂ ရက်ဆက် ဘာစီလိုနာရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်လာနိုင်ခြင်း မရှိကြောင်း သိရပါတယ်။
ရက်ဖို့ဒ်ဟာ နာတာရှည်တုတ်ကွေးရောဂါလက္ခဏာပြသနေမှုနှင့်အတူ နေအိမ်သို့ ပြန်ကာ အနားယူရန် ဆရာဝန်ရဲ့ညွှန်ကြားခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ နွေရာသီတွင် ယူနိုက်တက်မှ အငှားဖြင့် ပြောင်းလာပြီးနောက် ဘာစီလိုနာအတွက် ၆ ဂိုးသွင်းကာ ၉ ကြိမ် ဖန်တီးထားပြီး တိုက်စစ်တွင် အရေးပါတဲ့သူအဖြစ် ပြသထားနိုင်သူလည်း ဖြစ်ပါတယ်။

image