ဖရိုင်းဘတ်၊ အာဆင်နယ်ပွဲမတိုင်မီ နူအာနှင့် ဂနာဘရီတို့ရဲ့ အခြေအနေကို ဘိုင်ယန်နည်းပြကွန်ပနီ ဖွင့်ဟလာ
=====================

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီက မန်နူရယ်နူအာမှာ နေမကောင်းဖြစ်ပြီး ဆာဂျီဂနာဘရီမှာ ကြံ့ခိုင်မှုပြဿနာကြုံနေရကြောင်း ဖွင့်ဟလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ယနေ့ညတွင် ဖရိုင်းဘတ်နှင့် ရင်ဆိုင်ရပြီးပါက လာမယ့်အပတ်ကြားရက်တွင် အာဆင်နယ်နှင့် ချန်ပီယံလိဂ်ပွဲကစားရန် ရှိနေပါတယ်။
ယင်းကစားသမား ၂ ဦးလုံးတို့ဟာ ဖရိုင်းဘတ်၊ အာဆင်နယ်တို့နှင့်ပွဲများတွင် ပါဝင်ရန် မရေမရာ ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဂနာဘရီမှာ ဂျာမနီအသင်းအတွက် ကစားစဉ် ဒဏ်ရာရရှိလာတာ ဖြစ်ပြီး အခြေအနေ တိုးတက်ခြင်း မရှိမှုနှင့်အတူ ဖရိုင်းဘတ်နှင့်ပွဲအား လွဲချော်ရန် သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့် သူဟာ အာဆင်နယ်နှင့်ပွဲတွင် ပါဝင်လာနိုင်တဲ့ အခြေအနေမျိုးမှာတော့ ရှိပါတယ်။
ကွန်ပနီက "မန်နူရယ် အခြေအနေ ကြည့်ရဦးမယ်။ နည်းနည်း အအေးမိသွားခဲ့တာ။ ဆာဂျီဂနာဘရီ အခြေအနေကတော့ မကောင်းဘူး။ လက်ရွေးစင်အသင်းက ပြန်လည်ကတည်းက ပြဿနာအချို့ ရှိနေတယ်။ ဆေးဌာနကတော့ အသေးစိတ် သိရဖို့ လုပ်နေတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းကဲ့သို့ အဓိကကစားသမား ၂ ဦး ပြဿနာကြုံနေချိန်တွင် ဘိုင်ယန်မြူးနစ်ဟာ ပီအက်စ်ဂျီနှင့်ပွဲမှာ အနီကတ်ကြောင့် လူးဝစ်ဒီယာ့ဇ်ကိုလည်း ၃ ပွဲ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။
ဒီယာ့ဇ်ဟာ နိုဝင်ဘာလ အစောပိုင်းတုန်းက ပီအက်စ်ဂျီအား အနိုင်ရတဲ့ပွဲတွင် ဟာကီမီအား ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပြီး ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။
သူဟာ လာမယ့် ကြားရက် အာဆင်နယ်အား အဝေးကွင်းသို့ သွားရောက် ကစားရမယ့်ပွဲအပြင် စပို့တင်းလစ္စဘွန်း၊ ယူနီယံဂယ်လွိုက်စ်တို့အား ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်များကိုလည်း လွဲချော်လာပါမယ်။

image