အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဖလားအား ၂ ကြိမ်မြောက် ဆွတ်ခူးလာတဲ့ AS FAR
==================
AS FAR ဟာ ASEC Mimosas ကို အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၂-၁ ဖြင့် အနိုင်ယူပြီး ဒုတိယမြောက် အာဖရိကအမျိုးသီးချန်ပီယံလိဂ်ဖလားအား ဆွတ်ခူးလာပါတယ်။
ဟာနာနီအိတ်အယ်ဟာက မော်ရိုကိုကလပ်အတွက် ၁၃ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းဆယ်မိနစ်တွင် အေမီပရက်စ်စယ်ဒီရယ်လိုရဲ့ ခေါင်းတိုက်ဂိုးကနေ အိုင်ဗရီကို့စ်ကလပ် ASEC Mimosas အတွက် ချေပဂိုးသွင်းလာပါတယ်။
ဒါပေမယ့် ပွဲပြီးခါနီး ၈၅ မိနစ်မှာ AS FAR တို့ ပင်နယ်တီ ထပ်မံ ရရှိခဲ့ပြီး ဇီနက်ဘ်ရီဒူအာနီက အပိုင်ကန်သွင်းကာ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
AS FAR ဟာ ၂၀၂၂ ခုနှစ်တုန်းက အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဖလားအား ပထမဆုံးအကြိမ် ဆွတ်ခူးပြီးနောက် ဒုတိယအကြိမ် ဆွတ်ခူးလာတာ ဖြစ်ပြီး တောင်အာဖရိကကလပ် Mamelodi Sundowns နှင့်အတူ အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဖလား အအောင်မြင်ဆုံးအသင်းအဖြစ် ပူးတွဲ ရပ်တည်လာပါတယ်။
ရက်ဘက်အခြေစိုက်ကလပ်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ လာမယ့်နှစ် ဖီဖာအမျိုးသမီးချန်ပီယံများဖလားဝင်ခွင့်အတွက် တရုတ်ကလပ် Wuhan Jiangd နှင့် ကစားရပါမယ်။၊
ယင်းပွဲမှ အနိုင်ရတဲ့အသင်းက လာမယ့်နှစ် လန်ဒန်တွင် ကျင်းပမယ့် ဖီဖာအမျိုးသမီးချန်ပီယံများဖလား ဆီမီးဖိုင်နယ်အဖြစ် ဥရောပချန်ပီယံ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရပါမယ်။