10 ပတ် - ဘာသာပြန်ပါ။

နယ်သာလန်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်ပြီးနောက် အနားယူရန် အရိပ်အမြွက်ပြောဆိုလာတဲ့ ဗန်ဒိုက်
========================

ဗာဂယ်ဗန်ဒိုက်ဟာ နယ်သာလန်ကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်ပေးခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတော့မယ်လို့ အရိပ်အမြွက်ပြောဆိုလာပါတယ်။
အသက် ၃၄ နှစ်ရှိ ဗာဂယ်ဗန်ဒိုက်ဟာ အသက်အရွယ် ရရှိလာမှုနှင့်အတူ ကစားသမားဘဝ ရှည်လျားရေးအတွက် ၂၀၂၆ ကမ္ဘာ့ဖလားအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူကာ ကလပ်ကစားသမားဘဝအား အပြည့်အဝ အာရုံစိုက်ရန် စဉ်းစားနေတာလည်း ဖြစ်ပါတယ်။
ယခုအခါ ဗာဂယ်ဗန်ဒိုက်က အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့က ပူးတွဲ ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာဖလားမှာ သူ့ရဲ့ နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက်ဆိုလာပါတယ်။
ဗန်ဒိုက်က "ဒီမှာ ရှိတဲ့ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေ၊ နောက်ကွယ်မှာ အားလုံးအဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အော်ရင်ဂျီ(နယ်သာလန်ရဲ့အမည်ပြောင်)အသင်းခေါင်းဆောင်ဖြစ်ခွင့်ရလို့ ဂုဏ်ယူတယ်။ ဦးဆောင်ခွင့်ရတဲ့ မိနစ်တိုင်း ဂုဏ်ယူတယ်။ နောက်ဆုံးပြိုင်ပွဲအတွက် အရမ်း စိတ်လှုပ်ရှားနေပါတယ်။ အတူတကွဲလုပ်တွဲပြီး အောင်မြင်အောင် လုပ်ဖို့လည်း စိတ်လှုပ်ရှားနေပါတယ်"လို့ ပြောကြားသွားပါတယ်။
ဗန်ဒိုက်ဟာ နယ်သာလန်အတွက် ၈၈ ပွဲကစားကာ ၁၁ ဂိုးသွင်းယူထားသူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲရာသီတုန်းက အန်းဆလော့ရဲ့ ပထမုံးလီဗာပူးရာသီတွင် ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီနိုင်ခဲ့ပေမယ့်လည်း ယခု ပရီးမီးယားလိဂ်ရာသီတွင် ၅ ပွဲ ရှုံးနိမ့်ထားမှုနှင့်အတူ ဝေဖန်မှု ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

image