2 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် ဝေးလ်နှင့် ဘော့စနီးယားနှင့် အီတလီနှင့် မြောက်အိုင်ယာလန်တွေ့ဆုံ
=====================

ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်အား မဲခွဲမှု ပြလုပ်ခဲ့ရာ ဝေးလ်နှင့် ဘော့စနီးယား၊ အီတလီနှင့် မြောက်အိုင်ယာလန်တို့ ထိပ်တိုက်တွေ့နေပါတယ်။
ယင်းပွဲ ၂ ပွဲမှ အနိုင်ရတဲ့အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး ဗိုလ်လုပွဲ ကစားလာရပါမယ်။ ဗိုလ်လုပွဲကို ဝေးလ်ရဲ့ အိမ်ကွင်းတွင် ကစားလာမှာလည်း ဖြစ်ပါတယ်။
တဖက်တွင် အိုင်ယာလန်မှာလည်း ချက်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဗိုလ်လုပွဲတွင် ဒိန်းမတ်နှင့် မြောက်မက်စီဒိုးနီးယားပွဲစဉ်မှ အနိုင်ရတဲ့အသင်းနှင့် ရင်ဆိုင်ရပါမယ်။
ဒါ့အပြင် အခြားပလေးအော့ဖ်ပွဲစဉ်များအဖြစ် ယူကရိန်းနှင့် ဆွီဒင်၊ ပိုလန်နှင့် အယ်ဘေးနီးယားတို့ ထိပ်တိုက်တွေ့နေပါတယ်။
အခြား ပလေးအော့ဖ်အဖြစ် တူရကီနှင့် ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနှင့် ကိုဆိုဗိုတို့ ကစားရပါမယ်။
ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်များကို မတ်လ ၂၆ ရက်နေ့တွင် ကစားလာမှာ ဖြစ်ပြီး ဗိုလ်လုပွဲကို မတ်လ ၃၁ ရက်နေ့တွင် ကစားလာပါမယ်။ ပွဲတိုင်းကို တစ်ပွဲတည်းဖြင့် ဆုံးဖြတ်လာမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင်း ဒုတိယ ရရှိခဲ့တဲ့အသင်း ၁၆ သင်းတို့ဟာ ကမ္ဘာ့ဖလားဝင်ခွင့် ၄ နေရာအတွက် တိုက်ပွဲဝင်လာရမှာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဖီဖာဟာ Intercontinental ပလေးအော့ဖ်မဲခွဲမှုလည်း ပြုလုပ်ခဲ့ပါတယ်။
Intercontinental ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် နယူးကာလီဒိုးနီးယားနှင့် ဂျာမေကာတို့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဗိုလ်လုပွဲတွင် ဒီမိုကရက်တစ်ကွန်ဂိုနှင့် ရင်ဆိုင်ရပါမယ်။
အခြားပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် ဘိုလီဗီးယားနှင့် ဆူရီနိမ်းတို့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဗိုလ်လုပွဲတွင် အီရန်နှင့် ရင်ဆိုင်ရပါမယ်။
Intercontinental ပလေးအော့ဖ်ပွဲများကို မက္ကဆီကိုတွင် မတ်လနှောင်းပိုင်းတွင် ကစားလာမှာ ဖြစ်ပြီး ဖီဖာကမ္ဘာ့အဆင့် အမြင့်ဆုံးအသင်းက ဗိုလ်လုပွဲတွင် စောင့်ဆိုင်းခွင့် ရရှိခဲ့ကာ ဖီဖာအဆင့်အနိမ့်ဆုံးအသင်း ၄ သင်းက ဆီမီးဖိုင်နယ်ကစားရမှာလည်း ဖြစ်ပါတယ်။

image