ဒူးအရွတ်ဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ရမှုကြောင့် ရာသီအကုန်အထိ နားရတော့မယ့် ဘရန့်ဖို့ဒ်တိုက်စစ်သမားကာဗယ်ဟို
=====================
ဘရန့်ဖို့ဒ်စတားဖေဘီယိုကာဗယ်ဟိုဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
လီဗာပူးအလယ်တန်းကစားသမားဟောင်းဟာ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလာရပါမယ်။
ကာဗယ်ဟိုဟာ ဒူးအရွတ်ဒဏ်ရာစပါယ်ရှယ်လစ်နှင့် တွေ့ဆုံမှုများ ပြုလုပ်ထားပြီး ဖြစ်သလို ပြန်လည်ထူထောင်ရေးအစီအစဉ်များ စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။
အလယ်တန်းတိုက်စစ်သမားဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတွင် ဘရန့်ဖို့ဒ်သို့ ပြောင်းလာပြီးနောက် ၃၃ ပွဲကစားထားပါတယ်။
သူဟာ ယခုရာသီတွင် ၉ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းထားပါတယ်။
ဒါပေမယ့် သူဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်အဖွင့်ပွဲတစ်ပွဲတည်းကိုသာ ပွဲချိန်ပြည့်ကစားထားရပါတယ်။
တဖက်တွင် သူဟာ ခါရာဘောင်ဖလားပွဲများတွင် ပွဲချိန်ပြည့်ကစားထားပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်အောင် ကူညီထားပါတယ်။ ဘရန့်ဖို့ဒ်ဟာ ကွာတားဖိုင်နယ်တွင် မန်စီးတီးနှင့် ရင်ဆိုင်ရပါမယ်။
သူဟာ စက်တင်ဘာလတုန်းက ချဲလ်ဆီးနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် နောက်ကျချေပဂိုးလည်း သွင်းခဲ့ပါတယ်။
သူဟာ ဘရန့်ဖို့ဒ်ရဲ့ အိမ်နီးချင်းပြိုင်ဘက် ဖူလ်ဟမ်တွင် ကစားသမားဘဝစတင်ခဲ့သူ ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပင် လီဗာပူးသို့ ပြောင်းခွင့်ရခဲ့ပါတယ်။
သူဟာ လီဗာပူးတွင် ပုံမှန်ကစားခွင့် မရရှိမှုကြောင့် ရက်ဘူးလ်လိုက်ဇစ်၊ ဟားလ်စီးတီးသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ အငှားဖြင့် ကစားစဉ် ခြေစွမ်းပြနိုင်ပြီးနောက် ဘရန့်ဖို့ဒ်သို့ ပေါင် ၂၇.၅ သန်းဖြင့် ပြောင်းခွင့်ရခဲ့ပါတယ်။