5 ပတ် - ဘာသာပြန်ပါ။

ရှမ်းမြောက် သီပေါတံတား တစ်ပတ်ကြာသည်အထိ ယာဉ်ဖြတ်သန်းခွင့် မပြုသေးသော်လည်း လမ်းလျှောက်ဖြတ်သန်းခွင့်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်အတွင်းရှိ သီပေါတံတားကို နိုဝင်ဘာ(၁၄)ရက် နံနက်ပိုင်းမှ စတင်ပိတ်ထားရာ ယနေ့နိုဝင်ဘာ (၂၀)ရက်အထိ ယာဉ်များဖြစ်သန်းခွင့်မပြုသေးသော်လည်း ပြည်သူများအား လမ်းလျှောက်ဖြတ်သန်းခွင့်ပြုထားပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
"သီပေါတံတား ဒီနေ့ မနက်အထိ မပွင့်သေးပေမယ့် လူတွေကို တံတားပေါ်ဖြတ်သန်းခွင့်ပေးနေပါတာ (၂)ရက်ရှိပါပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ လမ်းခရီးအခြေအနေအရ လား ရှိုး-မန္တလေးအတက်အဆင်း ခရီးစဉ်တွင် လားရှိုး - မိုင်းရယ် - ကျေးသီး - တောင်ကြီး လမ်းပိုင်း၊ နောင်ပိန်-ရဲရွာ-နောင်လုံ-နမ့်လန်-ပန်ကေသု-ကျေးသီး-မိုင်းရယ်လမ်းပိုင်း၊ သီပေါ-နားမခေါ်-တာလုံ-ကျောက်မဲ လမ်းပိုင်းတို့မှ အဆင်ပြေစွာ သွားလာ၍ ရနေသည်ဟု သိရသည်။
သီပေါတံတားကို နိုဝင်ဘာလ (၂၁)ရက်မှ (၂၃)ရက်အတွင်း ပြန်ဖွင့်ကာ ဖြတ်သန်းသွားလာခွင့်ပေးမည်ဟု သတင်းထွက်ပေါ်နေပြီး ယင်းသတင်းမှာ ဖြစ်နိုင်ချေများကြောင်းလည်း အဆိုပါ ဒေသခံက ဆိုသည်။
မန္တလေး - လားရှိုး ခရီးစဉ်ကို အောက်တိုဘာ (၁၈) ရက်မှစတင်၍ ပြည်ထောင်စုလမ်းမကြီး အတိုင်း သွားလာခွင့်ပြုခဲ့ပြီး‌ ရန်ကုန် - လားရှိုးခရီးစဉ်များကိုလည်း နိုဝင်ဘာ (၈)ရက်မှ စတင်ကာ ပြန်လည်သွားလာခွင့်ပြုထားကြောင်း သိရသည်။

image