2 ပတ် - ဘာသာပြန်ပါ။

စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများထံသို့ အမေရိကန်ဒေါ်လာ ၁၄ သိန်းရောင်းချပေးခဲ့

CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၄၃၇,၆၂၅.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ နိုဝင်ဘာ ၁၉ ရက်က ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။
FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ ၊ သံမဏိ ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။

image