1 ပတ် - ဘာသာပြန်ပါ။

ရွှေကုက္ကိုလ်နယ်မြေမှထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား (၄၀၅) ဦးရှိခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကိုအခြေချပြုလုပ်နေသည့် ရွှေကုက္ကိုလ်နယ်မြေအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ရှင်းလင်းဖမ်းဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရှင်းလင်းဖမ်းဆီးမှုများပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၄၀၅) ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံသား (၂၀၀) ဦးကိုလည်း စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၉ ရက်ကလည်း ပြည်ပနိုင်ငံသား (၂၆၅) ဦးကိုဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်ပနိုင်ငံ သား(၂၀၀)ဦးကိုစစ်ဆေးနိုင်ခဲ့သဖြင့် ယနေ့အထိ တ ရားမဝင်ပြည်ပနိုင်ငံသား (၁,၀၁၆) ဦးကို ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်၍ ၎င်းတို့အား မြဝတီမြို့နယ်၊ ပူလွဲပူကျေးရွာအုပ်စု၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ၊ လုံထင်းဝန်းရှိ အဆောက်အဦး၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ထို့အတူ ၎င်းတို့အား တရားမဝင်ပြည်ပနိုင်ငံသားစစ် ဆေးရေးအဖွဲ့မှစစ်ဆေးရာ ပြည်ပနိုင်ငံသား (၆၀၀) ဦးကိုစစ်ဆေးခဲ့ပြီးနောက် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
နိုဝင်ဘာ ၁၈ ရက်မှစ၍ ရွှေကုက္ကိုလ်နယ်မြေရှိ (၁) ထပ်အဆောက်အဦး (၂) လုံး၊ (၆) ထပ်အဆောက်အဦး (၂) လုံး၊ (၇) ထပ်အဆောက်အဦး (၈) လုံး၊ (၁၂) ထပ်အဆောက်အဦး (၆) လုံး၊ (၁၃) ထပ်အဆောက်အဦး (၂) လုံး၊ (၁၄) ထပ် အဆောက်အဦး (၂) လုံးတို့အားစစ်ဆေးခဲ့ပြီး ကွန်ပျူတာ/မော်နီတာ (၂,၆၅၃) လုံး၊ မိုဘိုင်းဖုန်းဟမ်းဆက် (၂၁,၇၅၀) လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

image