အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး မြန်မာက အိမ်ရှင်အဖြစ် ကျင်းပ

၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်မည်လုပ်ငန်းများ၊ မဟာဗျုဟာစီမံကိန်းများကို အတည်ပြု
(၃၁)ကြိမ်မြောက် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့ နိုဝင်ဘာ(၂၀)ရက်က နေပြည်တော်၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောတက်ရောက်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အာဆီယံပို့ဆောင်ရေးဝန်ကြီးများက ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကွာလာလမ်ပူ သယ်ယူပို့ဆောင်ရေးစီမံကိန်း(၂၀၁၆-၂၀၂၅_အပြီးသတ်အစီရင်ခံစာ ၊ အာဆီယံပို့ဆောင်ရေးစီမံကိန်း (၂၀၂၆-၂၀၃၀) ၊သင်္ဘောမှစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံဒေသတွင်း မဟာဗျုဟာ၊ အာဆီယံ လျှပ်စစ်သုံးယာဉ် အကောင်ထည်ဖော်ရေးလမ်းပြမြေပုံ၊ ဒစ်ဂျစ်တယ်စနစ်ဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့် ပေးအပ်ရေးဆိုင်ရာလုပ်ငန်းများ ၊ ရထားပို့ဆောင်ရေးလုပ်ငန်း အပြန်အလှန်လုပ်ငန်းဆောင်ရွက်မု တိုးမြှင့်ခြင်းဆိုင်ရာ မဟာဗျုဟာစီမံကိန်းများကို အတည်ပြုခဲ့ကြောင်း သိရသည်။
ထို့အတူ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံ၊ကိုရီးယားနိုင်ငံတို့နှင့်လည်း ဆက်စပ်အစည်းဝေးများ ကျင်းပသွားမည်ဖြစ်သည်။
(၃၁) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ဝန်ကြီးများ အာဆီယံအထွေထွေအတွင်းရေးမှုးချုပ်၊ဘာသာရပ်ဆိုင်ရာ အဆင်မြင့်အရာရှိကြီးများ အပါအဝင် စုစုပေါင်း(၁၈၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်တွင် ပြုလုပ်မည့်အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်က လက်ခံကျင်းပသွားမည်ဖြစ်သည်။

image