မန္တလေးငလျင်ဒ-ဏ်သင့်သူများအတွက် အလှူငွေများလှူဒါန်း

မန္တလေးငလျင်ကြီးဒ-ဏ်သင့်သူများ၏ လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ငွေကျပ်သိန်း(၁၅၀)၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၂၀၀)တို့ကို နိုဝင်ဘာ ၁၉ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လာရောက်လှူဒါန်းရာ လူကယ်ပြန်ဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါက်တာသန်းစိုးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

image