နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား (၆၈,၀၀၀) ကျော်ရှိ

နယ်စပ်ဒေသများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျုးလွန်နေသည့် လောင်းကစားအဖွဲ့များကိုလည်း အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေ
နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် နယ်စပ်အခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက ကာစီနိုနှင့် အွန်လိုင်းလောင်းကစားခြင်းများကို နိုင်ငံတကာ ရာဇဝတ်အဖွဲ့များနှင့်အတူ ကျုးလွန်ဆောင်ရွက်နေသည်ကို နိုင်ငံတော်အစိုးရမှ ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်နေကြောင်း ယမန်နေ့က ကျင်းပသည့် ပြန်ညထောင်စုအစိုးရအဖွဲ့အစည်းဝေးမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုလာလမှစ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာသို့ အိမ်နီးချင်းနိုင်ငံများမှတဆင့် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား (၆၈,၀၀၉) ဦးကို ပြန်လည်လွှဲပြောင်းပေးထားပြီးဖြစ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်းနယ်စပ်လမ်းကြောင်းများမှတဆင့် မိမိတို့နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာပြီး နယ်စပ်ဒေသများတွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျုးလွန်နေသည့် လောင်းကစားအဖွဲ့များကိုလည်း အင်တိုက်အားတိုက်ဖယ်ရှားရှင်းလင်းနေကြောင်းလည်း ဦးညိုစောက ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိဆောင်ရွက်မှုအခြေအနေများကို နိုင်ငံတကာမှ သတင်းအမှန်တိုင်း သိရှိနိုင်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနင့် အဆိုပါနယ်မြေရှိ တာဝန်ရှိသူများက ဆောင်ရွက်ပေးရန်လို အပ်ကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
လက်ရှိ ကရင်ပြည်နယ် မြဝတီနယ်မြေရှိ KK Park နယ်မြေအတွင်းက အွန်လိုင်းလောင်းကစားလုပ်ကိုင်နေသည့် အဆောက်အအုံများကို ဖြိုချဖျ-က်ဆီးမှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

image