နိုင်ငံပေါင်း(၄၀)ကို ရေထွက်ပို့ကုန်တင်ပို့ရောင်းချနေသော်လည်း ထုတ်လုပ်မှုစွမ်းရည်နှင့် ဈေးကွက်ပြိုင်ဆိုင်နိုင်စွမ်းမြှင့်တင်နိုင်ရန် လိုအပ်

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပေါင်း(၄၀)ကျော်မှ ဈေးကွက်များသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချလျက်ရှိသော်လည်း ထုတ်လုပ်မှုစွမ်းရည်၊ ဈေးကွက်ရရှိမှုနှင့် ကမ္ဘာ့ဈေးကွက်၌ ယှဉ်ပြိုင်နိုင်စွမ်းအား မြှင့်တင်နိုင်ရန် လိုအပ်လျက်ရှိကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ၄၉ ကြိမ်မြောက် လစဉ် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
ထိုကြောင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီနည်းစနစ်များ၊ အရည်သွေးမြင့် မျိုးကောင်းမျိုးသန့်များ၊ကျွမ်းကျင်မှုနှင့် ထုတ်လုပ်မှု စွမ်းရည်မြှင့်တင်နိုင်ရေးအပြင် ထုတ်ကုန်အရည်အသွေး၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများကို လိုက်နာအ‌ကောင်အထည်ဖော်ရေး ဆောင်ရွက်ရန်လည်း ဒေါက်တာအောင်ကြီးက ပြောသည်။
ရရှိထားသည့် ဈေးကွက်များကို တည်တံအောင်ထိန်းသိမ်းပြီး ဈေးကွက်အသစ်ရှာဖွေခြင်း ကုန်ကြမ်းတင်ပို့မှုများမှ ကုန်ချောထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း ဒုတိယဝန်ကြီးက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း (၄၀) ကျော်သို့ တင်ပိုလျက်ရှိပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပိုသည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၅)လတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန် စုစုပေါင်း မက်ထရစ်တန် (၁၅၃၉ ၂၆ ဒသမ ၃၃၉)တန် တင်ပိုခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၂၃ ဒသမ ၄၃၆) သန်း ရရှိထားကြောင်း သိရသည်။

image