5 ပတ် - ဘာသာပြန်ပါ။

နေအိမ်ဖောက်ထွင်းခံလာရတဲ့ ဆွစ်ဇာလန်နှင့်ဂျူဗင်တပ်စတားအလစ်ရှာလေမန်း
==================

အလစ်ရှာလေမန်းက နေအိမ်ဖောက်ထွင်းခြင်းခံခဲ့ရကြောင်း ဖွင့်ချလာပါတယ်။ အသက် ၂၆ နှစ်ရှိ ဆွစ်ဇာလန်အမျိုးသမီးလက်ရွေးစင်ကစားသမားဟာ ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ဂျူဗင်တပ်တို့တွင် ကစားပြီးနောက် အီတလီကလပ် ကိုမိုတွင် ကစားနေသူပါ။
သူမဟာ နေအိမ်ဖောက်ထွင်းခံထားရပုံကို ဗီဒီယိုရိုက်ကူးကာ ဆိုရှယ်မီဒီယာတွင် မျှဝေလာပါတယ်။
တိုက်စစ်မှူးဟာ အင်စတာဂရမ် Story တွင် တင်လာတာလည်း ဖြစ်ပါတယ်။
ယင်းဗီဒီယိုဖိုင်တွင် အခန်းအတွင်းတွင် ပစ္စည်းများ မွှေနှောက်ခံထားပုံ ပါဝင်ပါတယ်။
ဒါပေမယ့် ဖောက်ထွင်းသမားများဟာ တန်ဖိုးရှိတဲ့ ပစ္စည်းတစုံတရာ ရရှိသွားပုံမရပါဘူး။
ဒါကြောင့်လည်း သူမက "နောက်တခါ ငါ့အိမ်လာဖောက်ရင် အသေအချာ ရှင်းပေးသွားကြဦး၊ ဘာလို့လဲဆိုတော့ ငါ့မှာ OCD ရှိတယ်"လို့ ရေးသားပြီး ငိုနေတဲ့ Emoji နှင့် အရည်ပျော်နေတဲ့ Emoji တို့ တင်ထားပါတယ်။
ဖောက်ထွင်းခံရတဲ့ သူမရဲ့ နေအိမ်က Lake Como အနီးတွင် တည်ရှိတာပါ။
အီတလီတွင် ဖော်ပြနေတဲ့သတင်းများအရ ရဲတပ်ဖွဲ့ဝင်များက အမှုကို စတင် စစ်ဆေးမှု ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။
လေမန်းဟာ ဂျူဗင်တပ်တွင် ချစ်သူ ဒေါက်ကလပ်လူးဝစ်ဇ်နှင့်အတူ ကစားကာ တူရင်တွင် နေထိုင်စဉ်တုန်းကလည်း နေအိမ်ဖောက်ထွင်းခြင်းခံခဲ့ရဖူးပါတယ်။
၂၀၂၄ ခုနှစ်အောက်တိုဘာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဖောက်ထွင်းမှုတွင် ဖောက်ထွင်းသမားများဟာ ပေါင် ၄၁၆၀၀၀ တန်ဖိုးရှိ ပစ္စည်းများ ရရှိသွားပါတယ်။ ထိုစဉ်တုန်းက ဒေါက်ကလပ်လူးဝစ်ဇ်ရဲ့ နာရီ ၁၁ လုံး၊ လေမန်းရဲ့ စိန်လည်ဆွဲတို့ အခိုးခံခဲ့ရပါတယ်။
ဒေါက်ကလပ်လူးဝစ်ဇ်နှင့် လေမန်းတို့ဟာ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းတုန်းက လမ်းခွဲခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

image