5 ပတ် - ဘာသာပြန်ပါ။

Bikini အရမ်းကြိုက်တဲ့ မော်ဒယ် အစီအစဉ်တင်ဆက်သူကြောင့် အီတလီတတိယတန်းလိဂ်အား ပရိသတ်များ ပိုမို လူစိတ်ဝင်စားလာ
=======================

စီးရီးစီဟာ အချောအလှ ရုပ်သံတင်ဆက်သူကြောင့် ပရိသတ်တွေ ဆထက်တပိုး ရရှိလာနေပါတယ်။
အီလစ်ဆာကာဗယ်လီကလည်း အီတလီတတိယတန်းလိဂ်အတွက် ရုပ်သံတင်ဆက်သူအဖြစ် လုပ်ဆောင်နေမှုနှင့်အတူ အင်စတာဂရမ်တွင် Follower ရသထက် ရရှိနေပါတယ်။
အီလစ်ဆာဟာ စီးရီးစီးကလပ် အေစီထရန်တိုမှ ကစားသမားတွေကို အင်တာဗျူးလုပ်တဲ့အကြောင်းကို ဆိုရှယ်မီဒီယာတွင် ဆက်တိုက် တင်ရင်း နာမည်ကြီးလာတာလည်း ဖြစ်ပါတယ်။
သူမဟာ မကြာသေးမီတုန်းက ကလပ်ကင်းထောက် ဂျော်ဂျီယိုမာနီကာနှင့် နောက်တန်းအစွန်လူရီကာဒိုဖီယာမိုဇီတို့အား အင်တာဗျူးခဲ့ပါတယ်။
အီလစ်ဆာဟာ သူမ စိတ်ဝင်စားတဲ့ Trentino–Alto Adige ဒေသအခြေစိုက်ကလပ်ကို ပိုမို စိတ်ဝင်စားမှုနဲ့အတူ ယင်းကလပ်အကြောင်း မေးမြန်းလာတာလည်း ဖြစ်ပါတယ်။
ယခုအခါ သူမဟာ အင်စတာဂရမ်မှာ ဖော်လိုဝါ ၁၆၀၀၀ ကျော်အထိ ရရှိနေပြီ ဖြစ်ပါတယ်။
သူမဟာ အင်စတာဂရမ်မှာ ပြင်ပလူနေမှုဘဝ ဓာတ်ပုံတွေကိုလည်း တင်လေ့ရှိပါတယ်။ အထူးသဖြင့် သူမဟာ Bikini ဝတ်ဓာတ်ပုံတွေကို တင်လေ့ရှိပါတယ်။ သူမ တင်ထားတဲ့ ဓာတ်ပုံအများစုက Bikini ဝတ်ဆင်ထားတဲ့ ပုံတွေပါ။
အီလစ်ဆာဟာ မော်ဒယ်တစ်ဦးလည်း ဖြစ်ပြီး အီတလီအိမ်ကားကုမ္ပဏီ Punto Camper အတွက် မော်ဒယ်လုပ်ဖူးပါတယ်။ ဒါ့အပြင် သူမဟာ Eminence Perfumes and Cosmetics အတွက်လည်း ဗီဒီယိုကြော်ငြာ ရိုက်ကူးဖူးပါတယ်။

image