မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ဒေါ်စန်းစန်းသိန်း လက်ထောက်နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးနေ
ISPE အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်စန်းစန်းသိန်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းကို လက်ထောက်နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ဂျပန်နည်းပြ ယုကီတက်ဆူရိုက နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။
ဒေါ်စန်းစန်းသိန်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲဝင် ISPE အမျိုးသမီးအသင်းရဲ့ ပွဲစဥ်များအပြီးမှာပဲ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို ပြောင်းရွှေ့ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဒေါ်စန်းစန်းသိန်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲပြီးရင်တော့ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ဒုတိယအကျော့အတွက် ISPE အမျိုးသမီးအသင်းကို ပြန်လည်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းဟာ ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စု ( မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။ ဆီးဂိမ်းစ်အမျိုးသမီးဘောလုံးပွဲကို လာမယ့်ဒီဇင်ဘာ (၄) ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းက ဒီဇင်ဘာ (၅) ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။