လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ၈ ပွဲမှာ လိဒ်စ်အသင်း ပွဲအကျပ်ဆုံး၊ လီဗာပူးလ် ပွဲအချောင်ဆုံးလို့ Opta သုံးသပ်
အချက်အလက်တွေအပေါ် အခြေခံတွက်ချက်ပြီး ခန့်မှန်းသုံးသပ်မှုတွေ ပြုလုပ်လေ့ရှိတဲ့ Opta က လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ၈ ပွဲမှာ လိဒ်စ်အသင်းက ပွဲအကျပ်ဆုံးဖြစ်ပြီး လီဗာပူးလ်က ပွဲအချောင်ဆုံးလို့ သုံးသပ်ခဲ့ပါတယ်။
Opta က ရင်ဆိုင်ရမယ့် ပြိုင်ဘက်အသင်းတွေရဲ့ အရည်အသွေးနှုန်းထားအပေါ် အခြေခံပြီး အခုလိုတွက်ချက်ခဲ့တာပါ။
Opta ဟာ အောက်တိုဘာလတုန်းကလည်း ပရီးမီးယားလိဂ်ပွဲစဥ် ၅ ပွဲရဲ့ အကျပ်ဆုံး၊ အချောင်ဆုံးတွေကို သုံးသပ်ဖော်ပြခဲ့ဖူးပြီး ပွဲချောင်တဲ့ အာဆင်နယ်အသင်းက အခွင့်အရေးယူနိုင်ခဲ့တာ တွေ့ရပါတယ်။
လာမယ့်ပွဲစဥ် ၈ ပွဲမှာတော့ အာဆင်နယ်အသင်းက အဋ္ဌမပွဲအကျပ်ဆုံးအသင်းဖြစ်နေပြီး ဆုံတွေ့ရမယ့်ပြိုင်ဘက်တွေက စပါး၊ ချယ်လ်ဆီး၊ ဘရန့်ဖို့ဒ်၊ ဗီလာ၊ ဝုလ်ဗ်၊ အဲဗာတန်၊ ဘရိုက်တန်၊ ဗီလာတို့ဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်း ရင်ဆိုင်ရမယ့် ပြိုင်ဘက် ၈ သင်းကတော့ နော်တင်ဟမ်၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ လိဒ်စ်၊ ဘရိုက်တန်၊ စပါး၊ ဝုလ်ဗ်နဲ့ လိဒ်စ်တို့ဖြစ်ပါတယ်။
မန်စီးတီးကလည်း ဒုတိယပွဲအချောင်ဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ရင်ဆိုင်ရမယ့်အသင်းတွေက နယူးကာဆယ်၊ လိဒ်စ်၊ ဖူလ်ဟမ်၊ ဆန်းဒါးလန်း၊ ပဲလေ့စ်၊ ဝက်စ်ဟမ်း၊ နော်တင်ဟမ်နဲ့ ဆန်းဒါးလန်းတို့ဖြစ်ပါတယ်။
ဒါကြောင့် ရာသီတစ်ဝက်ကျိုးမယ့် ပွဲစဥ် ၁၉ ပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူ အပြောင်းအလဲဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ကြောင်းလည်း Opta က ဖော်ပြခဲ့ပါတယ်။