အင်္ကျီလက်မောင်းစပွန်ဆာ Visit Rwanda နဲ့
အာဆင်နယ်လမ်းခွဲမယ်
အာဆင်နယ်အသင်းက ၂၀၁၈ ခုနှစ်ကစတင်ပြီး
အင်္ကျီလက်မောင်းစပွန်ဆာရယူထားတဲ့ Visit Rwandaနဲ့
လမ်းခွဲတော့မယ်လို့သိရပါတယ်။
ရဝမ်ဒါခရီးသွားလာရေးဝန်ကြီးဌာနက
အာဆင်နယ်အသင်းနဲ့ ပေါင်(၁၀)သန်းတန်(၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ပိုင်းမှာ ၂၀၂၆ ဇွန်လအထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။
ဒါပေမဲ့ ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးကူညီမှုတွေကြောင့်
DR ကွန်ဂိုနိုင်ငံရဲ့ပြည်တွင်းစစ်ပိုမိုကြီးမားလာချိန်မှာ
စပွန်ဆာယူထားတဲ့ အာဆင်နယ်အသင်းလည်း
အကြီးအကျယ်ဝေဖန်ခံလာရပါတယ်။
DR ကွန်ဂိုအစိုးရနဲ့ ပြည်တွင်းစစ်ဖြစ်နေတဲ့
M23 ပုန်ကန်သူတွေကို ရဝမ်ဒါအစိုးရက လက်နက်ခဲယမ်းနဲ့ စစ်အင်အားကူညီပေးနေတာဖြစ်ပါတယ်။
ရဝမ်ဒါနိုင်ငံရဲ့စစ်ရေးအကူအညီကြောင့်
DR ကွန်ဂိုပြည်တွင်းစစ်က အဆုံးမသတ်နိုင်ဘဲ
အပျက်အစီးအဆုံးအရှုံးများနေခဲ့ပါတယ်။
Visit Rwanda အမှတ်တံဆိပ်နဲ့စပွန်ဆာရယူထားတဲ့အသင်းတွေထဲ PSG ၊ ဘိုင်ယန်မြူးနစ်တို့လည်း
ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်အသင်းကတော့
ဝေဖန်မှုတွေကြောင့်စပွန်ဆာစာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်တချို့ကတော့
အာဆင်နယ်အသင်းဟာ ငွေရမယ်ဆိုရင်ခါးသီးတဲ့မြို့ခံပြိုင်ဘက်စပါးအသင်းဆီကနေလည်း
စပွန်ဆာယူမယ့်အသင်းဆိုပြီးလှောင်ပြောင်နေပါတယ်။