စီရော်နယ်လ်ဒိုရဲ့ဂုဏ်ယူဖွယ်ရာ အိမ်ဖြူတော်ခရီးစဉ်
အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့
ဆုံခွင့်ရတာ မဟာကံထူးမှုပါ။ ဒေါ်နယ်ထရန့်က
စီရော်နယ်လ်ဒိုနဲ့ ဆုံတွေ့ပြီးညစာအတူစားခဲ့တဲ့သတင်းက
အခုအချိန်မှာ Hot အဖြစ်ဆုံးပါ။
ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့အတူ စီရော်နယ်လ်ဒိုက အိမ်ဖြူတော်ကို
ရောက်လာတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့ဘေးမှာ
သူ့ရဲ့ဇနီးလောင်းဂျော်ဂျီနာရိုဒရီဂွက်ဇ်လည်း
ရှိနေခဲ့တာပါ။
အိမ်ဖြူတော်က ညစာစားပွဲကို Tesla၊ SpaceX၊
Twitter(X)တို့ရဲ့ပိုင်ရှင်အီလွန်မတ်စ်၊ ဖီဖာဥက္ကဋ္ဌ
အင်ဖန်တီနိုတို့အပါအဝင် အထင်ကရပုဂ္ဂိုလ်တွေလည်း
တက်ရောက်ခဲ့ပါတယ်။ ညစာစားပွဲအပြီးမှာ စီရော်နယ်ဒိုက အဲဒီအထင်ကရပုဂ္ဂိုလ်တွေနဲ့အတူ Selfie
ရိုက်ခဲ့သလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့အတူ
ဘဲဉပုံရုံးခန်းထဲမှာ အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ပါတယ်။
ဒေါ်နယ်ထရန့်နဲ့အတူ ရှိနေချိန်မှာ စီရော်နယ်လ်ဒိုက
အထူးဂုဏ်ယူဝမ်းမြောက်နေခဲ့ပါတယ်။
ဒေါ်နယ်ထရန့်က သူ့သားဟာစီရော်နယ်လ်ဒိုရဲ့
အမာခံပရိသတ်လို့ပြောကြားပြီး စီရော်နယ်လ်ဒိုကို
ချီးကျူးခဲ့ပါတယ်။
ဒေါ်နယ်ထရန့်နဲ့ ဆုံတွေ့ခွင့်ရပြီးနောက်
စီရော်နယ်လ်ဒိုကလည်း သူ့ရဲ့လူမှုကွန်ရက်နေ
ကျေးဇူးတင်စကားဆိုခဲ့ပြီး မျုိးဆက်သစ်တွေအတွက်
ငြိမ်းချမ်းပြီးတာဝန်ယူစိတ်ရှိ၊ ရဲရင့်တဲ့အနာဂတ်
တည်ဆောက်ရာမှာတစ်စိတ်တစ်ပိုင်း ပါဝင်သွားမယ်လို့
ရေးသားခဲ့ပါတယ်။