ပြည်ပသို့ လက်ဝတ်ရတနာများ ပြန်လည်တင်ပို့မည်

နိုင်ငံတကာဈေးကွက်သို့ ရွှေဖြင့်ပြုလုပ်ထားသော အဆောင်ရုပ်၊ လက်ဝတ်ရတနာများ ပြန်လည်တင်ပို့ရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများအသင်းမှ သိရသည်။
၂၀၂၀ ပြည့်နှစ် မတိုင်ခင်ကာလက ဂျပန်နှင့် ကိုရီးယားနိုင်ငံသို့ လက်ဝတ်ရတနာများ တင်ပို့ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် တင်ပို့မှု မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။
ထို့ကြောင့် ရန်ကုန်တွင်ရှိသည့် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်သူ တစ်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်နေပြီး ပန်းထိမ်လုပ်ငန်းများ အလုပ်ပြန်ပေးနိုင်ရန် လက်ဝတ်ရတနာ ရွှေထည်များ ပြန်လည်တင်ပို့နိုင်ရေးအတွက် ပြင်ဆင်နေကြောင်း သိရသည်။
နိုင်ငံတကာဈေးကွက်တွင်လည်း ရွှေထည်နှင့် ပြုလုပ်ထားသည့်အဆောင် လက်ဝတ်ရတနာကို ကြိုက်နှစ်သက်သောကြောင့် ယင်းဈေးကွက်သည် ပြန်လည်တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပကို ရွှေတင်ပို့ရာတွင် ၁၂ ပဲရည် ရွှေထည်နှင့်ပြုလုပ်ထားသည့် ရွှေထည်များကို အများဆုံးတင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

image