မြန်မာနိုင်ငံအထူးသံတမန်အဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးကိုခန့်
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမြူရယ်ဒေ မာကိုစ်သည် လာမည့်နှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရန် အထူးသံတမန်အဖြစ် နိုင်ငံခြားရေးဝန်ကြီး ထေရေဆာ လာဇာရိုကို သောကြာနေ့တွင် ခန့်အပ်ခဲ့သည်။
၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို စတင်ထမ်းဆောင်မည့် ဖိလစ်ပိုင်သည် တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးရရှိရေးကို ဆက်လက်ရပ်တည်ကာ တောင်းဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံတကာဥပဒေများကို လိုက်နာကာ သမားရိုးကျနှင့် သမာရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။
“ပူးပေါင်းဆောင်ရွက်မှုနဲ့ နားလည်မှုကနေတဆင့် အာဆီယံဟာ ကမ္ဘာ့အသိုက်အဝန်းမှာ ငြိမ်းချမ်းရေးနဲ့ တိုးတက်မှုအတွက် တွန်းအားတစ်ခုအနေနဲ့ သူ့ရဲ့အခန်းကဏ္ဍကို ပိုမိုခိုင်မာအားကောင်းစေနိုင်တယ်လို့ ယုံကြည်ပါတယ်” ဟု မားကို့စ်က ပြောကြားခဲ့သည်။
လာဇာရိုသည် သူ့ကိုပေးအပ်ထားသည့် လုပ်ပိုင်ခွင့်က လမ်းညွှန်ထားသည့် “အပြုသဘောဆောင်သော၊ စည်းမျဥ်းညီညွှတ်၍ အားလုံးပါဝင်သော ချဉ်းကပ်မှုနည်းလမ်း” ကို ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ကြောင်း မားကို့စ်က ဖော်ပြခဲ့သည်။