အရှေ့တောင်အာရှ၏ ဆိုက်ဘာရာဇ၀တ်မှု တို-က်ဖျ-က်ရေးအတွက် အမေရိကန်၏ အွန်လိုင်းလိမ်လည်မှုတို-က်ဖျ-က်ရေး ‘တို-က်ခို-က်ရေးတပ်ဖွဲ့’ ၏ ပစ်မှတ်

အွန်လိုင်းလိမ်လည်မှုများအပေါ် အမေရိကန်ဦးဆောင်သော ဖြိုခွဲမှုသည် အရှေ့တောင်အာရှနိုင်ငံများ ရင်ဆိုင်နေရသော အန္တရာယ်များကို ကူညီတို-က်ဖျက်ပေးမည့် အခွင့်အရေးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဝါရှင်တန်နှင့် ပေကျင်းတို့သည် သက်ဆိုင်ရာဒေသများ၏ အုပ်ချုပ်မှု ပေါ့လျော့ခြင်းနှင့် ယင်းကို အခွင့်ကောင်းယူသည့် ရာဇ၀တ်ကွန်ရက်များကို ဖျ-က်သိမ်းရာတွင် တူညီသော ရည်ရွယ်ချက်ကို အတူတကွ ကိုင်စွဲထားကြခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံတကာ လေ့လာသုံးသပ်သူများက ပြောကြားသည်။
အမေရိကန်သည် အဓိကအားဖြင့် အရှေ့တောင်အာရှနှင့် ဆက်စပ်နေသော ခရစ်ပ်တိုငွေကြေး(cryptocurrency) လိမ်လည်မှုများကို တန်ပြန်ရန်အတွက် ၎င်း၏ “လိမ်လည်မှုစင်တာ တို-က်ခို-က်ရေးတပ်ဖွဲ့”(Scam Centre Strike Force) ကို လွန်ခဲ့သည့်အပတ်က စတင်ခဲ့ပြီး ထိုသို့သော ရာဇ၀တ်မှုများကြောင့် အမေရိကန်နိုင်ငံသားများသည်လည်း တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ဆုံးရှုံးနေရသည်ဟု ခန့်မှန်းထားသည်။
ဤလိမ်လည်မှု အစီအစဉ်များစွာကို "ဝက်မွေးသ-တ် လိမ်လည်မှု"(pig butchering) ဟုခေါ်ပြီး၊ လူကုန်ကူးခံရသူများသည် ၎င်းတို့၏ဆန္ဒမပါဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်ကာ သူတို့ကိုလည်း လက်နက်ကိုင်အဖွဲ့များက စောင့်ကြပ်လျှက်၊ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားလိမ်လည်ရန် ညွှန်ကြားခံရပြီး၊ သက်ဆိုင်ရာဒေသတွင်းရှိ အဆောက်အအုံဝင်းများမှ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရရှိသည့်ငွေများကို ပုံမှန်အားဖြင့် ခရစ်ပ်တို‌ငွေကြေးအပါအဝင်၊ အမေရိကန်အခြေစိုက် ငွေကြေး ပလက်ဖောင်းများမှတစ်ဆင့် ငွေကြေးခဝါချပြီး အခြားနိုင်ငံအသီးသီးရှိ စာရင်းများသို့ လွှဲပြောင်းခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖြည့်စွက်ထားသည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး(UNODC) ၏ အဆိုအရ အရှေ့တောင်အာရှအခြေစိုက် နယ်မြေဖြတ်ကျော် ရာဇ၀တ်အဖွဲ့များသည် တရားမဝင်လုပ်ဆောင်မှုများ၏ ကျယ်ပြန့်သော လုပ်ငန်းစဉ်ကို ပံ့ပိုးပေးသည့် "ရာဇ၀တ်မှု ဝန်ဆောင်မှုပေးသူများ" အဖြစ်သို့ ပြောင်းလဲလာခဲ့သည်ဟု သိရသည်။

image