16 နာရီ - ဘာသာပြန်ပါ။

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် UNICEF မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်တို့တွေ့ဆုံ

နေရပ်စွန့်ခွာသူများ၏အရေးဆိုင်ရာများနှင့် အကူအညီပေးနိုင်ရေးတို့ကို ဆွေးနွေး
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် United Nation Children’s Fund-UNICEF မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr.Yasumasa Kimura တို့ ယနေ့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ဒေသတွင်းကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအပေါ် ကူညီစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှု၊ နေရပ်စွန့်ခွာသူများ၏အရေးဆိုင်ရာများနှင့်အကူအညီပေးနိုင်ရေး၊ သဘာဝဘေးကြုံတွေ့ချိန် အရေးပေါ်တုန့်ပြန်ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် သန့်ရှင်းသောသောက်သုံးရေရရှိနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

image