သံဃာတော် အပါး ၁၄၀ ကျော်ကို သာသနာ့တက္ကသီလမဟာဘွဲ့ အပ်နှင်းမည်
--------------------------------------------------

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)တိုက ၁၃၈၄-၁၃၈၅ ပညာသင်နှစ်မှာ သာသနာ့တက္ကသီလ မဟာဓမ္မာစရိယဘွဲ အမ်အေ ၂၄ ပါးနဲ့ သာသနာ့တက္ကသီလ ဓမ္မာစရိယဘွဲ ဘီအေ ၁၁၉ ပါးကို ဘွဲဆက်ကပ်သွားမယ်လို သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက သိရပါတယ်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး) (၃၁)ကြိမ်မြောက် သာသနာ့တက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားမှာ သံဃာ တော် ၁၄၃ ပါးကို ဆက်ကပ်သွားမှာပါ။
အဲဒီဘွဲနှင်း သဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်) နေ့လယ် ၁ နာရီမှာ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပမယ်လို သိရပါတယ်။
မဟာဘွဲနှင်းသဘင်အခမ်းအနားမှာ မြတ်စွာဘုရားတစ်ဆူ အပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး ၊ဘွဲခံသံဃာတော် ၁၄၃ ပါးတိုကို ဆွမ်းဆန်စိမ်း လောင်းလှူမှာ ဖြစ်ပါတယ်။

image