ကျွန် တော် ၇ - နှစ် တာ ကာ လ မျှ တာ ဝန် ထမ်း ဆောင် ခဲ့ ဖူး သော ဝန် ကြီး များ ရုံး သည် ( ၁ )
မြန် မာ နိုင် ငံ မှ သီ ပေါ မင်း ပါ တော် မူ အ ပြီး ၄ - နှစ် ခန့် အ ကြာ တွင် မြန် မာ နိုင် ငံ ကို ယ ခင် ထက် ပို ၍ အုပ် ချုပ် ကွပ် ကဲ မှု လွယ် ကူ စေ ရန် နှင့် အ စိုး ရ ဌာ န များ ကို တစ် နေ ရာ တည်း တွင် စု စည်း နိုင် ရန် ရည် ရွယ် ပြီး ၁ ၈ ၈ ၉ - ခု နှစ် တွင် ဒါ လ ဟို ဇီ လမ်း ကို မျက် နှာ မူ ပြီး အ စိုး ရ အ ဆောက် အ အုံ တစ် ခု ကို စ တင် တည် ဆောက် ပါ တော့ သည် ။ ဗိ သု ကာ ဒီ ဇိုင်း ပ ညာ ရှင် မှာ ဟင် န ရီ ဟွိုင် ဖောက်စ် ဖြစ် ပြီး အိ န္ဒိ ယ နိုင် ငံ သား လုပ် သား များ ဖြင့် တည် ဆောက် ကြ သည် ။ ဟင် န ရီ ဟွိုင် ဖောက်စ် သည် အ င်္ဂ လိပ် စစ် အင် ဂျင် နီ ယာ ဌာ န တွင် တာ ဝန် ယူ ထား သူ ဖြစ် ပြီး ရန် ကုန် မြို့ ပြ ကောင်း မွန် စွာ ပေါ် ပေါက် လာ ရေး အ တွက် အ ရေး ကြီး အ စိုး ရ အ ဆောက် အ အုံ များ ကို တာ ဝန် ယူ ရ သူ ဖြစ် သည် ။ ဒါ လ ဟို ဇီ လမ်း တစ် လျှောက် သည် ရန် ကုန် မြစ် နှင့် နီး ကပ် သည့် အ တွက် မြေ သား ပျော့ ပြီး အ ဆောက် အ အုံ တည် ဆောက် ရန် အ ခက် အ ခဲ တ ချို့ ရှိ လာ ခဲ့ သည် ။ ၁ ၅ - ပေ မှ ပေ - ၂ ၀ ခန့် အ ထိ ရှည် သော ပျဉ်း က တိုး သစ် များ ကို မြေ ကြီး အ တွင်း သို့ ဒေါင် လိုက် ရိုက် ထည့် ပြီး ၎င်း အ ပေါ် မှ နေ ၍ သံ မ ဏိ တန်း များ ကို အ လျား လိုက် ထပ် မံ ခင်း ကျင်း ကာ အောက် ခြေ ပ န္နက် အ ဖြစ် စ တင် တည် ဆောက် ကြ သည် ။ အ ဆောက် အ အုံ တည် ဆောက် ရန် အ တွက် မှာ ယူ ထား သော သံ မ ဏိ ပ စ္စည်း အ များ အ ပြား နှင့် အ မိုး အုတ် ကြွပ် ပြား များ ၊ အ ခြား သော ပ စ္စည်း များ သည် အ င်္ဂ လန် မှ ရန် ကုန် သို့ လာ ရာ လမ်း တွင် ကြန့် ကြာ နေ သည့် အ တွက် စ တင် တည် ဆောက် ရန် ခန့် မှန်း ထား သော ရက် တွင် စ တင် နိုင် ခြင်း မ ရှိ သေး ပဲ အောက် ခြေ ပ န္နက် တည် ဆောက် ရေး ဖြင့် သာ ခေ တ္တ ရပ် နား နေ ရ သည် ။ ပ စ္စည်း များ မ ရောက် မီ စပ် ကြား အ ဆောက် အ အုံ တွင် အ သုံး ပြု မည့် မြေ မီး ဖုတ် အုပ် များ ကို စ နစ် တ ကျ ထုတ် လုပ် ခြင်း ၊ မြေ သား ထန်း ညှိ ခြင်း နှင့် ရေ စီး ရေ လာ ကောင်း စေ ရန် ရေ မြောင်း များ ကို စ နစ် တ ကျ ရှိ စေ ရန် အ တွက် သာ ပြင် ဆင် နေ ကြ ရ သည် ။
ထို အ ချိန် တွင် အ င်္ဂ လိပ် အ စိုး ရ ၏ ရုံး များ သည် မော် လ မြိုင် မှ ရန် ကုန် သို့ ပြောင်း ရွှေ့ လာ သည် မှာ ပင် မ ကြာ သေး သော အ ချိန် ဖြစ် သည် ။ ရန် ကုန် မြို့ ကမ်း နား လမ်း ရှိ အ ဆောက် အ အုံ တစ် ခု တွင် အ င်္ဂ လိပ် အ စိုး ရ ၏ အုပ် ချုပ် မှု ရုံး ဟောင်း တစ် ခု ရှိ ခဲ့ သည် ဟု အ ချို့ စာ အုပ် များ တွင် ဖော် ပြ ထား သည် ။ အောက် မြန် မာ နိုင် ငံ တစ် ခု တည်း တင် မ က ဘဲ တစ် နိုင် ငံ လုံး အ တိုင်း အ တာ ဖြင့် အုပ် ချုပ် ရ တော့ မည် ဖြစ် သည့် အ တွက် အ င်္ဂ လိပ် အ စိုး ရ သည် မူ လ ရှိ သည့် အ တွင်း ဝန် များ အ ပြင် ပို မို ကောင်း မွန် သော အုပ် ချုပ် ရေး ယ န္တ ယား နှင့် အ ဆောက် အ အုံ တစ် ခု ကို အ လျင် အ မြန် လို အပ် လာ ပြီ ဖြစ် သည် ။ ထို့ ကြောင့် လည်း ပါ့ ဘ လစ် အော့ ဖစ် အ ဆောက် အ အုံ အ ဖြစ် ခန့် ထည် စွာ တည် ဆောက် ရန် ရည် ရွယ် ပြီး ကျယ် ပြန့် ညီ ညာ သော မြေ နေ ရာ ကို ရှာ ဖွေ ရာ တွင် မြေ သား ပျော့ သည် က လွဲ ၍ ၎င်း တို့ စိတ် တိုင်း ကျ တည် ဆောက် နိုင် သော ရန် ကုန် မြို့ ၏ အ ချက် အ ချာ ကျ သည့် ဒါ လ ဟို ဇီ လမ်း ဘေး ရှိ မြေ ပြန့် လွင် ပြင် ကို ရွေး ချယ် ခဲ့ ကြ သည် ။ မှတ် သားရ သည် မှာ အ င်္ဂ လိပ် တို့ လက် အောက် သို့ ကျ ရောက် ခဲ့ သော နိုင် ငံ များ နှင့် ပြင် သစ် တို့ လက် အောက် ကျ ရောက် ခဲ့ သော နိုင် ငံ များ အ ကြား ကွာ ခြား မှု ပင် ဖြစ် သည် ။ ထို သည် မှာ အ ခြေ ခံ အ ဆောက် အ အုံ များ ပင် ဖြစ် သည် ။ အ င်္ဂ လိပ် တို့ သည် ၎င်း တို့ အုပ် ချုပ် စဉ် ကာ လ တစ် လျှောက် လုံး တွင် ၎င်း တို့ စိတ် တိုင်း ကျ နေ ထိုင် သွား လာ နိုင် ရန် ရည် ရွယ် ၍ လမ်း ပန်း ဆက် သွယ် ရေး က အ စ အ ခြေ ခံ အ ဆောက် အ အုံ များ ပို မို ဖွံ့ ဖြိုး လာ ရန် ကို အာ ရုံ စိုက် ခဲ့ ကြ သည် ။ မည် သို့ ပင် ဖြစ် စေ အ င်္ဂ လိပ် တို့ လက် ထက် က စ တင် ခဲ့ သော အ ဆောက် အုံ များ ကို ယနေ့ ထက် တိုင် တွေ့ နိုင် သေး သည် ။ အ သုံး ပြု နိုင် သေး သည် ။ သို့ သော် ပြင် သစ် တို့ အုပ် ချုပ် သော တိုင်း ပြည် များ တွင် မူ ထို ကဲ့ သို့ သော ကို လို နီ ခေတ် လက် ကျန် အ ဆောက် အ အုံ များ ကို ယ ခု ထက် တွေ့ ရ ခဲ သည် ။ အ င်္ဂ လိပ် တို့ သည် ၎င်း တို့ ရ ရှိ ခဲ့ သော နယ် မြေ ဒေ သ များ ကို မည် သည့် အ ကြောင်း အ ချင်း အ ရာ နှင့် မျှ ပြန် လည် လက် လွတ် ခံ လိမ့် မည် မ ဟုတ် ကြောင်း ကို လည်း ဤ အ ချက် ဖြင့် ပင် ထောက် ရှု ၊ သိ နိုင် ပေ သည် ။
ဆက် ပါ ဦး မည် . . .
Photo source : Google
#ဝန်ကြီးများရုံး #အတွင်းဝန်များရုံး #ရန်ကုန် #သမိုင်း

Steven Kyaw
Delete Comment
Are you sure that you want to delete this comment ?