အိမ်ဖြူတော်သို့ သွားရောက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးလာမယ့် ခရစ္စတီယာနိုရော်နယ်ဒို
======================

ဘောလုံးစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာ အမေရိကန်သွားရောက်ကာ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံလာပါမယ်။
အမေရိကန်သမ္မတဟာ ယခင်ကတည်းက ခရစ္စတီယာနိုရော်နယ်ဒိုနှင့် တွေ့ဆုံကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဆက်စပ်ပြီး အချိန်အတန်ကြာ ဆွေးနွေးမှု ပြုလုပ်လိုကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။
ယခု ထွက်ပေါ်လာတဲ့သတင်းအရ ဒေါ်နယ်ထရမ့်ဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် အိမ်ဖြူတော်မှာ ခရစ္စတီယာနိုရော်နယ်ဒိုအား လက်ခံတွေ့ဆုံလာမယ်လို့ သိရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် တွေ့ဆုံမှုမှာ အမေရိကန်သို့ ဆော်ဒီမင်းသား ရောက်ရှိနေတဲ့အချိန်နှင့်လည်း တိုက်ဆိုင်နေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲတဲ့ ဇွန်လတုန်းက အမှတ်တရလက်မှတ်ရေးထိုးထားတဲ့ ပေါ်တူဂီအသင်းအင်္ကျီတွင် To President Donald J. Trump. Playing for peace" လို့ ရေးသားကာ ဒေါ်နယ်ထရမ့်အား လက်ဆောင်ပေးခဲ့ပါသေးတယ်။

image