တရားမဝင်လက်နက်များ ကိုင်ဆောင်မှုဖြင့် ပေါင် ၃၉၆၀၀၀ ဒဏ်ရိုက်ခြင်းခံလာရတဲ့ ဂျာမန်စတားကာရမ်အဒီယီမီ
======================
ဂျာမနီလက်ရွေးစင်ကာရမ်အဒီယီမီဟာ တရားမဝင်လက်နက်များ ကိုင်ဆောင်မှုဖြင့် တရားရုံးရဲ့ ပေါင် ၄ သိန်း နီးပါး ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
ဒေါ့မွန်တိုက်စစ်သမားဟာ သံလက်သီး၊ ရှော့ခ်ရိုက်သေနတ်တို့ ကိုင်ဆောင်ထားကြောင်း တွေ့ရှိခဲ့ရကြောင်း Bild ဖော်ပြလာပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက ယင်းလက်နက်များ ကိုင်ဆောင်ထားကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
ယခုအခါ တရားရုံးက တစ်နေ့လျှင် ဒဏ်ငွေ ပေါင် ၆၆၀၀ နှုန်းဖြင့် ရက် ၆၀ အတွင်း ပေးရန် ဆုံးဖြတ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ့မွန်စတားအနေဖြင့် စုစုပေါင်း ဒဏ်ငွေ ပေါင် ၃၉၆၀၀၀ ပေးလာရပါမယ်။
ဂျာမနီတွင် အသေးစားပြစ်မှုများအတွက် ရုံးတင် စစ်ဆေးခြင်း မပြုလုပ်ဘဲ တရားရုံးက ဒဏ်ရိက်အရေးယူမှု ပြုလုပ်နိုင်ပါတယ်။
ယင်းစနစ်ကို အသုံးပြုမှုမှာ တရားရေးရာကိစ္စရပ်များ အလျှင်အမြန် ပြီးဆုံးစေရန် ရည်ရွယ်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ပြစ်ဒဏ်ချမှတ်ခံရသူအနေဖြင့် အချိန်အတိုင်းအတာ တစ်ခု(နှစ်ပတ်အတွင်း)ထဲတွင် အယူခံဝင်နိုင်သလို ရုံးတင်စစ်ဆေးရန်လည်း လျှောက်ထားနိုင်ပါတယ်။
အဒီဘီမီဟာ ယင်းသို့ တရားမဝင် လက်နက်ကိုင်ဆောင်မှုကြောင့် တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပေမယ့်လည်း ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခြင်းတော့ ခံလာရမှာ မဟုတ်ပါဘူး။
အဒီယီမီပါဝင်တဲ့ ဂျာမနီအသင်းဟာ မနေ့ညတုန်းက ဆလိုဗက်ကီးယားကို ၆-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီလည်း ဖြစ်ပါတယ်။