Al-Ittihad တွင် ဆက်ရှိရန် မသေချာကြောင်း ဘန်ဇီးမားဖွင့်ဟလာ
===================

ကာရမ်ဘန်ဇီးမားက ရာသီအကုန်တွင် Al-Ittihad တွင် ဆက်ကစားရေးနှင့်ပတ်သက်ပြီး မရေမရာ ဖြစ်နေကြောင်း၊ သို့ရာတွင် ကစားသမားဘဝမှ အနားယူရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားလာပါတယ်။
၂၀၂၂ ခုနှစ် Ballon d'Or ဆုရှင် အသက် ၃၈ နှစ်ရှိ ရီးရဲလ်မက်ဒရစ်စတားဟောင်းဘန်ဇီးမားဟာ ကလပ်ရဲ့ အားကစားအစီအစဉ်များကို သိရှိပြီးချိန်တွင်မှ အနာဂတ်အား ဆုံးဖြတ်ရန် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
သူဟာ ဘောလုံးကစားသမားဘဝမှ အနားယူရန် မစဉ်းစားသေးဘဲ အနည်းဆုံးနောက်ထပ် နှစ်နှစ်ကစားရန် စီစဉ်ထားပါတယ်။
ဘန်ဇီးမားဟာ ယခုရာသီအကုန်တွင် Al-Ittihad နှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
အစောပိုင်းတုန်းက ဘန်ဇီးမားဟာ Al-Ittihad နှင့် စာချုပ်သက်တမ်းတိုးလာနိုင်သလို ကစားသမားဘဝမှ အနားယူမှုလည်း ပြုလုပ်လာနိုင်ကြောင်း သတင်းထွက်ခဲ့ဖူးပါတယ်။
ဒီဇင်ဘာလတွင် အသက် ၃၈ နှစ်ပြည့်မယ့် ဘန်ဇီးမားက "စာချုပ်သက်တမ်းကုန်ဆုံးဖို့ နီးလာပြီဆိုတာ အမှန်တရားပါ။ ထွက်မလား၊ ဆက်နေမလား မသိသေးပါဘူး။ အကြောင်းအရာအများကြီးအပေါ်မှာ မူတည်တယ်။ ဒီဇင်ဘာလမှာ အသက် ၃၈ နှစ်ပြည့်မယ်။ နောက်ထပ် ဘောလုံး ၂ နှစ်ကစားသွားဦးမယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဘန်ဇီးမားက ဥရောပကလပ်များရဲ့ ကမ်းလှမ်းမှု ရရှိထားဆဲ ဖြစ်ကြောင်းနှင့် ကမ်းလှမ်းမှုများကို အလေးအနက်ထား စဉ်းစားပြီးမှသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဆိုသွားပါတယ်။

image