ဒိန်းမတ်ကို အနိုင်ယူပြီး ယခုရာစုအတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာတဲ့ စကော့တလန်
====================

စကော့တလန်ဟာ Hampden Park တွင် ဒိန်းမတ်အား သမိုင်းဝင် နိုင်ပွဲ ရယူပြီး ယခုရာစုအတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်လာပါတယ်။
စကော့တလန်ဟာ လူစားဝင်ရောက်လာတဲ့ ဆဲလ်တစ်နောက်ခံလူကီရန်တီယာနေးနှင့် မက္ကလိန်းတို့ရဲ့ နာကျင်အချိန်ပို သွင်းဂိုးတွေကြောင့် ဒိန်းမတ်ကို ၄-၂ ဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်လာတာလည်း ဖြစ်ပါတယ်။
စကော့တလန်ဟာ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားနောက်ပိုင်း ၂၈ နှစ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတာပါ။
စကော့တလန်ဟာ ယခုပွဲစဉ်တွင် စကော့မက်တိုမီနေး လှပလွန်းလှတဲ့ Bicycle Kick ဂိုး၊ ရှန့်လန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒိန်းမတ်ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအနိမ့်ဆုံး သရေကျလျှင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခွင့် ရှိနေတဲ့ ဒိန်းမတ်ကလည်း ဟွိုင်းလန်း၊ ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည်ချေပဂိုးသွင်းခဲ့ပါတယ်။
စကော့တလန်ကို ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်လာတဲ့ စတိဗ်ကလပ်ခ်ဟာ စကော့တလန်ကို နိုင်ငံတကာပြိုင်ပွဲကြီး ၃ ကြိမ် ခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်နိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာပါတယ်။

image