ထပ်မံထိန်းသိမ်းနိုင်ခဲ့သည့် တရုတ်နိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားတို့ကိုပြန်လည်လွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်

အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုအပါ အဝင် ဒုစရိုက်မှုလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခဲ့သော တရုတ်နိုင်ငံသား(၂၄)ဦးနှင့် မလေးရှားနိုင်ငံသား (၁)ဦးတို့ကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သဖြင့် သက်ဆိုင်ရာနိုင်ငံများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ၎င်းတို့၏လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက်မှ ယနေ့ နိုဝင်ဘာ ၁၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၀,၈၄၀)ဦးကိုစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ (၉,၅၃၆)ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာကျန်ရှိသည့် (၁,၃၀၄)ဦးသည်လည်း ပြန်လည်လွှဲပြောင်းပေးရန် အ သင့်ဖြစ်နေပြီဖြစ်၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

image