သက်ဆင်ကိုဘတ် ၁၇ ဘီလျံအခွန်ဆောင်ရန်တရားရုံးချုပ်အမိန့်ချ

၂၀၀၆ ခုနှစ်က ရှင်ကော်ပိုရေးရှင်းရှယ်ယာ ရောင်းချခြင်းမှ ဖြစ်ပေါ်လာသော လူပုဂ္ဂိုလ်ဝင်ငွေခွန်၊ ဒဏ်ကြေး၊ ဝန်ဆောင်ကြေးများနှင့်ပတ်သက်၍ ရှည်လျားသော အခွန်အငြင်းပွားမှုတွင် သက်ဆင်ကို ဘတ် ၁၇ ဘီလျံပေးဆောင်စေဟု ထိုင်းတရားရုံးချုပ်က တနင်္လာနေ့တွင် အမိန့်ချလိုက်သည်။
အခွန်ဦးစီးဌာန၏ အခွန်စည်းကြပ်မှုသည် တရားမဝင်ကြောင်း အကြောင်းပြချက်ဖြင့် အမှုကိုပယ်ချကာ သက်ဆင်ဘက်မှရပ်တည်ခဲ့သည့် ဗဟိုအခွန်တရားရုံးနှင့် အထူးအယူခံတရားရုံးများ၏ ယခင်ဆုံးဖြတ်ချက်များကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ တရားရုံးချုပ်၏ စီရင်ချက်ကြောင့် အခွန်တာဝန်ကို ပြန်လည်အသက်ဝင်စေကာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ချက် များကိုအကောင်အထည်ဖော်ရန် လမ်းခင်းပေးခဲ့သည်။
ထိုအမှုသည် ၂၀၁၇ ခုနှစ်တွင် အခွန် ဦးစီးဌာနက ထုတ်ပြန်ခဲ့သော အခွန်စည်းကြပ်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး သက်ဆင်၏ ရှင်းကော်ပိုရေးရှင်း ရှယ်ယာများရောင်းချခြင်းမှ အခွန်၊ ဒဏ်ကြေးနှင့် အခကြေးများ ၁၇ ဒဿမ ၆ ဘီလျံပေးဆောင်ရန် ဌာနက တောင်းခံခဲ့သည်။
သက်ဆင်သည် ၂၀၂၃ ခုနှစ်က ကနဦးတရားရင်ဆိုင်မှု၌ အခွန်တရားရုံးနှင့် အယူခံတရားရုံးနှစ်ခုစလုံးတွင် အနိုင်ရခဲ့ပြီး ဌာန၏ လုပ်ဆောင်ချက်များသည် ဥပဒေနှင့်မညီကြောင်း တရားရုံးများက ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း အခွန် ဦးစီးဌာနသည် တရားရုံးချုပ်အထိ အယူခံတက်ခဲ့ပြီး ယခုအခါ ထိုဆုံးဖြတ်ချက်များကို ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်သည်။
တရားရုံးချုပ်၏ နိုင်ငံရေးရာထူးရှိသူများဆိုင်ရာ ရာဇဝတ်မှုဌာနက ဘတ် ၄၆ ဘီလျံတန်ဖိုးရှိ သက်ဆင်၏ ပိုင်ဆိုင်မှုများကို သိမ်းယူရန် ၂၀၁၀ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီး နောက် အခွန်ဦးစီးဌာနက ရာဖြတ်တွက်ချက်ခြင်း ပြုလုပ်ခဲ့သည်။

image