ယနေ့နံနက်အစောပိုင်းက ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည် နယ်တို့၌ Level 1 အဆင့်မီးလောင်မှုအပါအဝင် မီး လောင်မှုများဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့တွင် ယနေ့ နိုဝင်ဘာ ၁၈ ရက်နံနက်အစောပိုင်းက မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ သ မာဓိလမ်း၌ နံနက် ၅ နာရီခွဲခန့်ကမီးလောင်မှုဖြစ်ပွား၍ တာမွေမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၂ နာရီ ၅ မိနစ်ခန့်ကလည်း မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာ၊ အလယ်ရပ်တွင် နေ အိမ်မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြရာ နံနက် ၃ နာရီ ၂ မိ နစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၂ နာရီ ၄၀ မိနစ်ခန့်ကလည်း မွန်ပြည် နယ်၊ မော်လမြိုင်မြို့၊ သီရိမင်္ဂလာ(၁၄)လမ်းတွင် နေ အိမ်မီးလောင်မှုဖြစ်ပွား၍ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊ မော်လမြိုင်နယ်မြေမီးသတ်စခန်း၊ မြိုင်သာယာနယ်မြေမီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူ မှုကူညီရေးအသင်းဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်များအား စတင်လောင် ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ် ဆေးခဲ့ကြကြောင်း သိရသည်။

image