ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာတွင် ဥပဒေ၊နည်းဥပဒေနှင့်အညီ ဖြစ်စေရေး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လို

မဲဆွယ်စည်းရုံးရေးကာလအတွင်း နိုင်ငံရေးပါတီများ၊ ပါတီများမှ ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်ကြသည့်အချိန်တွင် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီဖြစ်စေရေး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသန်းစိုးက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ကော်မရှင်ရုံးနှင့်အဖွဲ့ခွဲ့ရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ဦးစီးအရာရှိများကို လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲတွင် ကော်မရှင် ဥက္ကဌ ဦးသန်းစိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပ‌ဒေနှင့် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်ကြောင်းလည်း ဦးသန်းစိုးက ပြောကြားခဲ့သည်။
နိုင်ငံအတွက် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ မှတ်ကျောက်တင်ခံရသည့်ရွေးကောက်ပွဲများ ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဥက္ကဌက ပြောကြားခဲ့သည်။
လာမည့်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်န၌ စတင်ကျင်းပမည်ဖြစ်ပြီး ယခုအချိန်တွင် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးမှုများ စတင်လုပ်ဆောင်နေပြီလည်း ဖြစ်သည်။

image