15 နာရီ - ဘာသာပြန်ပါ။

ပြင်ဦးလွင် ပန်းပွဲတော် ကျင်းပမည်
------------------------

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ (၁၈) ကြိမ်မြောက် ပန်းပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ကျင်းပသွားမှာဖြစ်တယ်လို့ အမျိုးသားကန်တော်ကြီးဥယျာဉ်ကနေ သိရပါတယ်။
ပန်းပွဲတော်ကို “IMMERSIVE FLOWERS FESTIVAL “အမည်နဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၆ရက်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ရက် ၃၀ တိုင်တိုင် ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
နှစ်စဉ်ကျင်းပနေတဲ့ ပန်းပွဲတော်ကို အခုနှစ်မှာလည်း အရင်နှစ်တွေနဲ့မတူ​အောင် ပန်းပြကွက်ပုံစံအမျိုးမျိုးကို ဖော်ထုတ်ပြသဖို့ ကြိုးစားပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပွဲတော်ကာလအတွင်း နိုင်ငံကျော် တေးသံရှင်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းတွေ၊ ဆိုင်ခန်းတွေနဲ့ ရောင်းချပေးတဲ့ အစီအစဉ်တွေကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

image