မက္ကဆီကို အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ လူ ၁၂၀ ကျော် ဒဏ်ရာရ
မက္ကဆီကိုနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ပဋိပက္ခတွေကြောင့် အနည်းဆုံး လူ ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ ၁၀၀ ကတော့ ရဲတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံတွင်းမှာ အကြမ်းဖက်ရာဇဝတ်မှုတွေထူပြောလာမှုနဲ့ သမ္မတ ကလော်ဒီယာရှိန်းဘောင်းရဲ့ အစိုးရကို ဆန့်ကျင်ဆန္ဒပြဖို့ မက္ကဆီကိုမြို့တော်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာ ချီတက်ခဲ့ကြပါတယ်။
အခြားမြို့တွေမှာလည်း ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို အစိုးရကို ဆန့်ကျင်တဲ့ လက်ယာယိမ်းနိုင်ငံရေးသမားတွေက ရန်ပုံငွေ ထောက်ပံ့တယ်လို့ သမ္မတက စွပ်စွဲထားပါတယ်။
ဆန္ဒပြပွဲတွေကို လူငယ်အဖွဲ့တွေက စီစဉ်ခဲ့ပြီး မူးယစ်ဂိုဏ်းတွေကို ပြင်းထန်စွာအရေးယူဖို့ တောင်းဆိုခဲ့တဲ့ အူရူအာပန်မြို့တော်ဝန် ကားလို့စ် မန်ဇို ရက်သတ္တပတ်အနည်းငယ်က လုပ်ကြံသတ်ဖြတ်မှုအပါအဝင် လူသိများတဲ့ သတ်ဖြတ်မှုတွေကို ဆန့်ကျင်တဲ့ နိုင်ငံသားတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
ဆန္ဒပြပွဲတွေအတွင်း အာဏာပိုင်တွေဟာ လုယက်မှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုအပါအဝင် ရာဇဝတ်မှုတွေ အတွက် လူ ၂၀ ကို ဖမ်းဆီးခဲ့ကြောင်း မက္ကဆီကိုစီးတီး လုံခြုံရေးအကြီးအကဲ ပါဘလို ဗက်ဇ်ကွက်ဇ်က သတင်းထောက်တွေကို ပြောပါတယ်။
ဆန္ဒပြသူတွေကတော့ ကျွန်ုပ်တို့အားလုံး ကားလို့စ် မန်ဇိုဖြစ်တယ်ဆိုတဲ့ စားသားတွေရေးထိုးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆိုင်ဆန္ဒပြခဲ့ကြပါတယ်။ ကားလို့စ်မန်ဇိုဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုဂိုဏ်းများတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကို ဝေဖန်ပြောဆိုလေ့ရှိသူဖြစ်ပါတယ်။