3 ရက် - ဘာသာပြန်ပါ။

စီရော်နယ်လ်ဒိုရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ဖို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ် စီစဉ်နေ

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်(FPF)ဟာ အသင်းခေါင်းဆောင် တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ အိုင်ယာလန်အသင်းကို (၀-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူကို တံတောင်နဲ့တွက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒီအတွက် စီရော်နယ်လ်ဒိုအနေနဲ့ (၃)ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်တာကြောင့် ပြီးခဲ့တဲ့ အာမေးနီးယားနဲ့ ခြေစစ်ပွဲရယ်၊ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်နှစ်ပွဲရယ် ပွဲပယ်ခံရမှာဖြစ်ပါတယ်။
ဒါကြောင့် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ အယူခံဝင်ဖို့ စီစဉ်နေပြီး အိုင်ယာလန်ပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် အနီကတ်ပြခံခဲ့ရခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးပြီး တစ်ပွဲပယ်ပြစ်ဒဏ်(အာမေးနီးယားနဲ့ပွဲမှာ ကျခံပြီး)သာ ချမှတ်ဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
စီရော်နယ်လ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလား စတင်တဲ့အချိန်မှာ အသက်(၄၁)နှစ်ကျော်နေမှာဖြစ်တာကြောင့် ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသက်အကြီးဆုံးပေါ်တူဂီကစားသမားအဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့အတွက် (၆)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့လည်း သိရပါတယ်။

image