အာဆီယံနိုင်ငံများ ကာဗွန်အခွန်စည်းကြပ်တော့မည်
ကာဗွန်အခွန် စည်းကြပ်ခြင်းကို အရှေ့တောင်အာရှတွင် ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးမှုကို ထိရောက်စွာ တွန်းအားပေးသည့် နည်းလမ်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားသော်လည်း အခက်အခဲမှာ လက်ရှိစွမ်းအင် ထောက်ပံ့မှုများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်စေမည်နည်းဆိုသည်နှင့် စားသုံးသူများ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် မည်ကဲ့သို့ ရှောင်ရှားရမည်နည်းတို့ ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အဖွဲ့ဝင်အချို့သည် ကာဗွန်အခွန်နှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရန် အခြားသော ကာဗွန်ဈေးနှုန်းသတ်မှတ်မှု ယန္တရားများကို ရှာဖွေနေပြီး ယခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ သို့မဟုတ် COP30 သို့ တင်ပြသည့် ၎င်းတို့၏ ရာသီဥတုဆိုင်ရာ ကတိကဝတ်များကို ဖြည့်ဆည်းရန် ဘရာဇီးလ်တွင် ယခုဆောင်ရွက်နေကြပါသည်။
ပြီးခဲ့သည့်လက မလေးရှားသည် COP30 ကတိကဝတ်များနှင့်အညီ ကာဗွန်အခွန်ကောက်ခံမှု အစီအစဉ်ကို လာမည့်နှစ်တွင် ထုတ်ပြန်ပြောကြားပေးမည်ဟု ကြေငြာခဲ့သည်။ ဇန်နဝါရီလတွင် ထိုင်းနိုင်ငံဝန်ကြီးအဖွဲ့သည် လောင်စာဆီအပေါ် ကာဗွန်ထုတ်လွှတ်မှု ကုန်ကျစရိတ်ကို ၎င်း၏ လောင်စာဆီဆိုင်ရာ စည်းကြပ်ခွန်စနစ်တွင် ထည့်သွင်းခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ကာဗွန်ဈေးနှုန်း သတ်မှတ်မှုကို ဦးဆောင်ခဲ့သော စင်္ကာပူသည် လက်ရှိတွင် စက်မှုစက်ရုံများအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ် မက်ထရစ်တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၁၉.၂ ခန့် စည်းကြပ်သည်။ အင်ဒိုနီးရှားသည် ကာဗွန်အခွန်ကို အကောင်အထည်ဖော်ရန် ၂၀၂၁ ခုနှစ်တွင် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့သော်လည်း အသက်ဝင်ခြင်းမရှိသေးသေးပေ။ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့သည် ကာဗွန်အခွန် စည်းကြပ်ရန်လေ့လာနေဆဲဖြစ်သည်။
စင်ကာပူနိုင်ငံရှိ အိုင်ဆီးယက်စ်–ယူဆွတ်ဖ်အီရှက် အင်စတီကျူး မှ ယမန်နှစ်က ထုတ်ပြန်ခဲ့သည့် အရှေ့တောင်အာရှ ရာသီဥတုဆိုင်ရာ စစ်တမ်းတစ်ခုတွင် အာဆီယံတစ်ဝန်းမှ ဖြေဆိုသူ ၃,၀၀၀ နီးပါး၏ ၇၀ ရာခိုင်နှုန်းကျော်သည် နိုင်ငံတော် ကာဗွန်အခွန်ကောက်ခံမှုကို ထောက်ခံကြပြီး ၉၃ ရာခိုင်နှုန်းက အခွန်ကြောင့် စရိတ်များတက်လာခြင်းကိုခံရန် အဝောာ်ပင် သို့မဟုတ် အတန်အသင့် ဆန္ဒရှိကြသည်ဟု ဆိုသည်။